Arc 2.10 end

2K 219 5
                                    

( Unicode)

မင်ဝမ်ကလေးငယ်ဘေးမှာဝင်အိပ်စက်လိုက်ပေမယ့် အိပ်မပျော်ပဲရှိနေသည် မျက်လုံးထဲပေါ်လာတဲ့ပုံရိပ်တွေ တောင်းပန်စကားအထပ်ထပ်ပြောနေတဲ့ကလေးတစ်ယောက် အဲ့ကလေးကိုအတင်းချုပ်ကာဆက်ဆံဖို့ကြိုးစားနေတဲ့လူတစ်ယောက် အဲ့လူကငွေဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး တောင်းပန်ကာငိုယိုနေတဲ့ကလေးငယ်က ရွှေဝါရောင်ဝတ်ရုံကိုဆင်မြန်းထားပေမယ့် ဝတ်ရုံတွေကဟိုတစ်စဒီတစ်စ ဘာလို့မှန်းမသိပေမယ့် ထိုမြင်ကွင်းထဲကငွေဖြူရောင်ဝတ်ရုံရှင်ကသူကိုယ်တိုင်လို့ခံစားနေရတယ် ဘာတွေလဲ။မင်ဝမ်ဆက်မတွေးပဲမျက်လုံးမှိတ်ကာအိပ်ဖို့သာကြိုးစားလိုက်သည်။

~~~~~~~~~~~~~~~

"ဟန်ကိုကို ခုကလေးတို့ဘယ်လိုလုပ်ကြမလဲဟင်"

"ကိုကိုတို့မင်ဝမ်ကိုရှင်းပြလိုက်မယ်လေနော် ကိုကိုမှားခဲ့တာကိုသူလည်းခွင့်လွှတ်ပေးမှာပါ"

"ဟုတ်"

ယွဲ့ရုံအရင်ဆုံးစစ်ဝေနဲ့တွေ့ခွင့်တောင်းလိုက်တော့ စစ်ဝေကလာတွေ့ရှာပါသည်။စစ်ဝေကိုအကျိုးအကြောင်းပြောပြတော့ သူ့အကိုတော်ကိုပြောပြပေးမယ်လို့ပြန်ပြောခဲ့ပေမယ့် စစ်ဝေပုံကိုကြည့်ရတာစိတ်မသက်သာပေ ဒါနဲ့ထုတ်မေးလိုက်တော့ မုရန်အကြောင်းကိုပြောပြလေသည်။သူတို့နှစ်ယောက်ကြားကြားချင်းတုန်းကမထင်မှတ်ထားတာမို့တုန်လှုပ်သွားပေမယ့် မုရန်အကြံကိုအစကတည်းကသိနေတာမို့ ထူးဆန်းမနေပါ။ယွဲ့ရုံ စစ်ဝေကိုနှစ်သိမ့်ပေးလိုက်ပါသေးသည်။စစ်ဝေက အရေးတကြီးသွားစရာရှိလို့ဆိုကာ ထန်မင်ဝမ်ရဲ့ကိုယ်ရံတော်မုကိုခေါ်ကာထွက်သွားတော့သည်။

~~~~~~~~~~~~~~~

ချင်အန်းနိုးလာတာနဲ့ တစ်ကိုယ်လုံးကိုက်ခဲနေသည် ညကအကြောင်းတွေသတိရတာနဲ့ ချင်အန်းမျက်ဝန်းထဲမျက်ရည်တွေဝိုင်းလာသည်။

" ဟင့် ရွှတ် ငါ...ငါ့ဘဝကို လူကြီးမဟုတ်တဲ့သူဆီပေးလိုက်ရပြီ အီးးဟီးးဟီးးးသွားပါပြီကွာ"

မင်ဝမ်အိပ်နေရင်း ငိုသံကြားတာမို့ ထကြည့်တော့ သူ့ကလေးကငိုနေတာပင်

Angel SystemWhere stories live. Discover now