( Unicode)
ဂျက်က ရက်တွေကြာနေပြီ ခုထိသတိမရသေးဘူး ခနနေဆိုကျွန်းတောင်ရောက်ပြီကို မြန်မြန်သတိရပါတော့လူကြီးရယ်။
"စမစ် ရှင်သွားနားလိုက်ပါအုံး ကျွန်မဂျက်ကိုစောင့်ပေးမယ်လေ"
"ရပါတယ်"
"မဟုတ်တာ ဂျက်ကိုစိတ်မပူပါနဲ့ရွန်မီတစ်ယောက်လုံးရှိတယ်လေ သွားနားလိုက်ပါနော်"
"ကျေးဇူးပါ"
ဂျက်အနားကတစ်ဖဝါးမှမခွာပဲစောင့်နေတဲ့စမစ်ဆိုတဲ့ပင်လယ်ဓားပြလေးကအရမ်းစိတ်ပူနေပုံပင်။ထမင်းတောင်မစားပဲနေတာမို့ နဂိုကတည်းကသေးသွယ်တဲ့ကိုယ်လေးကခုဆိုသိပ်တောင်မကျန်ချင်တော့။ရွန်မီနားဖို့ပြောမှ စိတ်ချသွားပုံရကာ ဂျက်ကိုထားခဲ့ပြီးအခန်းထဲကထွက်သွားလေသည်။
~~~~~~~~~~~~~~~~
"စမစ် ကျွန်းရောက်ပြီ"
"အေး ကမ်းမြန်မြန်ကပ်လိုက် မေးခွန်းတွေမေးပြီးတန်းပြန်ကြတာပေါ့"
"အွန်း"
စမစ်ရဲ့အပြောကြောင့် ခရစ်ကမ်းကပ်ဖို့အမိန့်ပေးလိုက်သည်။ကမ်းကပ်ပြီးတာနဲ့ ပင်လယ်ဓားပြတွေအကုန်ဆင်းကာ ရုပ်တုကိုရှာဖို့ခြေတစ်လှမ်းပဲလှမ်းရုံရှိသေး ပေါ်ထွက်လာတဲ့အရာရှိတွေ ထိုအရာရှိတွေက စမစ်တို့ကိုသေနတ်တွေနဲ့ချိန်ထားကြသည်။
( ဖြူလုံး ဒါကဘာဖြစ်တာလဲ)
( hostကြားဖူးလား အခုသွားနေတဲ့ကျွန်းကဆုတောင်းပြည့်ကျွန်းလို့အမည်တွင်သလို ပြန်လမ်းမရှိကျွန်းလို့လည်းခေါ်ကြသေးတယ်ဆိုတာလေ)
( ငါသိတယ်လေ အဲ့တာက ကျွန်းကထူးခြားဆန်းကျယ်လို့မဟုတ်ဖူးလား)
( hostတို့အရင်ဒီကျွန်းကိုထွက်သွားဖူးတဲ့ပင်လယ်ဓားပြတွေပြန်လာနိုင်ခဲ့သလား hostကဉာဏ်ကောင်းပါတယ်)
( ငါသိပြီ! ဘုရင်မကြီးအယ်လီနာ အဲ့အဖွားကြီးဒီလောက်အမုန်းကြီးနေမယ်လို့မထင်ထားဘူး)
( အမှန်ပါပဲ ခုhostတို့လွတ်လမ်းမရှိပါဘူး)
( တောက်စ် ငါ့လူတွေရဲ့မျှော်လင့်ချက်တွေဘာဖြစ်ကုန်ပြီလဲ)
YOU ARE READING
Angel System
Fanfictionအစားမက်တဲ့ဝမ်ရိပေါ်လေး system တစ်ခုထဲရောက်သွားသောအခါ~~~ Start Date:24.12.2022 End Date: