Arc 5.5

1.4K 187 29
                                    

( Unicode)

မင်ဝူ သူ့ရှေ့ကကွာရှင်းစာချုပ်ကိုကြည့်နေမိသည်။ထိုလူကြီးက တကယ်ကြီးလုပ်တော့မှာလား ရှင်းဂျီအွန်းဆိုတဲ့အဖိုးကြီးကကတိတွေတည်ပြီး တစ်ပတ်တိတိမှာပင် မင်ဝူရှေ့ကိုကွာရှင်းစာချုပ်ပို့ပေးလာတာမို့ ဖတ်ကြည့်လိုက်တော့ ပိုင်ဆိုင်မှုတစ်ဝက်နဲ့ကွာရှင်းကြောင်းရေးထားတဲ့စာတွေကြောင့် လက်မှတ်ထိုးဖို့တွန့်နေမိသည်။ဘာလဲ ငါတစ်ချိန်လုံးစောင့်စားနေခဲ့တာဖြစ်လာပြီလေ ငါကဘာလို့တွန့်ဆုတ်နေရတာလဲ။

ဂျီအွန်း ဆိုဘင်နဲ့ပက်သတ်ပြီး ဂျယ်​ယောင်းကိုအကူအညီတောင်းတာအဆင်ပြေခဲ့တာမို့ ပုံမှန်နေ့တွေလိုပင် ညတိုင်း ထယ်ဆော့နဲ့အတူအိပ်ပြီး ဇာတ်လိုက်ကိုဂရုမစိုက်ပဲနေခဲ့သည်။တစ်ပတ်ပြည့်တဲ့နေ့မှာ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီး မင်ဝူရုံးသွားဖို့ဆင်းလာတာနဲ့ ဧည့်ခန်းထဲခေါ်လိုက်ပြီး သူ့ရှေ့ကိုကွာရှင်းစာချုပ်ချပေးလိုက်တော့ လက်မှတ်မထိုးပဲကြောင်ကြည့်နေပြန်သည်။

"မင်းလက်မှတ်ထိုးလိုက်တော့ ငါ့မှာအချိန်မရှိဘူး"

"ကျွန်တော် မထိုးပေးနိုင်ဘူး"

"ဘာ!! မင်းပဲသိပ်လိုချင်နေခဲ့တာမဟုတ်ဖူးလား"

"ဟက် ကျွန်တော်အရမ်းကွာရှင်းချင်တယ်ဆိုတာ ခင်များကမကွာရှင်းပေးမှန်းသိလို့လေ အခုခင်များကသိပ်ကွာရှင်းချင်နေပြီဆိုတော့ လုံးဝမ.ကွာ.ပေး.နိုင်.ဘူး"

"မင်း!!  အဟက် မင်းကငါ့ကိုကြိတ်ကြိုက်နေတာလား"

ပြောရင်းရှေ့တိုးလာတဲ့လူကြီးကြောင့် မင်ဝူနောက်ဆုတ်မိလိုက်သည်။ပြီးမှကိုယ့်အဖြစ်ကိုကိုယ်တွေးပြီး ဆုတ်နေတဲ့ခြေလှမ်းတွေရပ်လိုက်သည်။ဘာလို့ဆုတ်ရမှာလဲ အဲ့လူကြီးကိုကြောက်စရာလား။

"ခင်များကိုငါကကြိုက်စရာလား"

"ကြိုက်စရာပေါ့ ဒီမှာကြည့်လေ"

'ဒီမှာကြည့်လေ'ဆိုပြီး ဝတ်ထားတဲ့အကျီလည်ပင်းအနားသားကိုဆွဲချကာ လည်ပင်းသားဖြူဖြူလေးတွေကိုဖော်ပြလာတဲ့လူကြီးကြောင့် မင်ဝူမျက်လုံးတွေတောင်ရွေ့မြောက်ရွေ့ဖြစ်သွားရသည်။ထိုတင်မကသေး ကိုယ်ကိုတစ်ပတ်လှည့်ပြလိုက်တာမို့ မြင်လိုက်ရတဲ့လုံးတစ်တစ်'တင်ပါး'လေးကြောင့် မင်ဝူတံတွေးကိုဂလုခနဲမြိုချလိုက်မိသည် ဆွဲဆောင့်ပြီးလုပ်လိုက်ရရင်တော့လား။

Angel SystemWhere stories live. Discover now