Arc 1.3

2.8K 275 13
                                    

( Unicode)
 
ရိပေါ်နဲ့ဇာတ်လိုက်မပြဿနာတက်ပြီးကတည်းကဖေးဖေးကျောင်းမလာတာတစ်ပတ်တိတိရှိပြီ။ရိပေါ်လည်းအတွေးများစွာနဲ့လမ်းလျှောက်လာတုန်းလမ်းအချိုးမှထွက်ပေါ်လာတဲ့ကားနက်တစ်စီးကြောင့်ရိပေါ်ကြောင်အစွာရပ်နေမိသည်။

"ကျွီ!!!...."(ကားဘရိတ်အုပ်သံပါ)

      ကားရှေ့ခန်းမှလူတစ်ယောက်ဆင်းလာသည်၊ အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားပြီးအရပ်မြင့်မြင့် body ခပ်တောင့်တောင့်နဲ့လူကြီးတစ်ယောက်

"ကောင်လေး မင်းကိုကားနဲ့မတိုက်မိဘူး ဒါမျိုးတွေကရိုးနေပြီ ကားရှေ့ကမြန်မြန်ဖယ်ပေးပါ"

"ဘာဗျ ခင်များကလည်းမှားသေးတယ် မတောင်းပန်တဲ့အပြင်လာစော်ကားနေတာပဲ"

"မင်းပိုက်ဆံဘယ်လောက်လိုချင်လဲ ကြိုက်သလောက်ပြော ပြီးရင်ကားရှေ့ကဖယ်လိုက်ပါ"

"ဒီမှာခင်များကျုပ်ကိုဘယ်လောက်ပေးမှာလဲ"

"မင်းတောင်းတဲ့ငွေအတိုင်းပေးမယ်"

"အဟက် ဟုတ်ပြီလေ ဒီမှာခနစောင့်"

     ရိပေါ်လည်းထိုလူကြီးကိုပြောပြီးတာနဲ့လမ်းဘေးနားကအုတ်ခဲကိုဆွဲယူကာထိုလူကြီးခေါင်းကိုရိုက်ခွဲလိုက်တော့သည်။

"မှတ်ထား နောက်ဆိုကိုယ်အမှားလုပ်မိရင်တစ်ဖက်သားကိုတောင်းပန်တတ်ရတယ် ခင်များကျုပ်ကိုပေးမယ့်ငွေတွေကို ခင်များဆေးကုတဲ့နေရာမှာသုံးလိုက် Bye by"

     ရိပေါ်လည်းပြောပြီးတာနဲ့တန်းထွက်သွားတော့သည်။ထိုဖြစ်စဥ်တစ်ခုလုံးကိုကားပေါ်ကထိုင်ကြည့်နေတဲ့သူကတော့ သဘောတကျပြုံးရယ်နေလိုက်သည်။

"Boss"

"ဘယ်လိုနေလဲချာတိတ်တစ်ယောက်ရဲ့လက်စွမ်းလေးကဆိမ့်ရဲ့လား"

     သူ့ဆီကိုသွေးတွေစီးကျနေတဲ့ခေါင်းကိုကိုင်ကာရောက်လာတဲ့Kကြောင့် Sean ပြုံးစစဖြင့်မေးလိုက်သည်။

"ဟုတ် Boss တော်တော်လေးဆိမ့်တယ် လက်သန်ပြောင်ချက်"

"ဟားဟားဟား Kကိုခေါင်းရိုက်ခွဲရဲတဲ့သူငါတစ်ယောက်တည်းထင်ထားတာ ခုတော့ချာတိတ်လေးတစ်ယောက်ပါတိုးလာပြီထင်တယ်"

Angel SystemOn viuen les histories. Descobreix ara