Arc 3.4

1.6K 191 14
                                    

( Unicode)

ချိုမာတစ်ယောက် သူ့သားကိုကြည့်နေတာကြာပြီ အခုတလော သူ့သားကမူမမှန်ဖြစ်နေတယ် မောင်စောအိမ်ကပြန်လာတဲ့နေ့ကတည်းက ဘာစကားမှမပြောပဲ တစ်ယောက်ထဲအတွေးတွေနစ်နေတာ ရွာထဲလည်းမသွားပဲနေသည် တစ်ခုခုခိုင်းဖို့ခေါ်လိုက်ရင်လည်း ဘာတွေပြန်ပြောမှန်းမသိ ခုဆိုတစ်ပတ်တောင်ပြည့်နေပြီ။

"သား ကောင်းမာန်"

"ဟင်အမေ သားကိုအချစ်တို့အိမ်လွှတ်မို့လား ပေးလေ သားသွားပေးပေးမယ်"

"ဟယ်တော် ပေါက်ပေါက်ရှာရှာတွေပြောပြန်ပြီ ဘယ်ကအချစ်တုန်း အမေဘာမှပေးစရာလည်းမရှိပါဘူး"

"ရှိလိုက်ပါလားအမေရယ် တစ်ပတ်တောင်ရှိပြီဗျ သားတွေ့ချင်လှပြီ"

"ဘာတွေဖြစ်နေတာလဲသားရယ်အမေ့ကိုပြော သားကချစ်ရမယ့်သူတွေ့နေလို့လား"

"တွေ့နေပြီ တွေ့နေပေမယ့်သူ့ဆီသွားဖို့အကြောင်းပြချက်ရှာမရလို့"

"ဟင် တွေ့နေပြီပေါ့ မရဘူးနော် မေမေ မင်းကိုပေးစားဖို့တွေးထားတဲ့လူရှိတယ်"

"ဟာမေမေကလည်းသားကအချစ်ကိုပဲယူမှာ"

"ကဲပြောမင်းပြောနေတဲ့အဲ့အချစ်ကမောင်စောလောက်ချစ်ဖို့ကောင်းလား"

"မောင်စော!!!"

"အမလေးးးဘာထဖြစ်တာတုန်း"

"အမေပြောတဲ့ပေးစားမယ့်သူဆိုတာချစ်စောသက်လား"

"အေးလေ ဘာလို့လဲ"

"ဟီးဟီး သားကအမေ့ကိုစိတ်ဆင်းရဲအောင်လုပ်ပါ့မလားလို့ အမေကောင်းမယ်ထင်လို့စီစဥ်တာပဲလက်ခံပါတယ်"

"တွေးထားတုန်းရှိသေးတယ်လေ မစီစဥ်ရသေးပါဘူးဟယ်"

"ဒါဆိုလည်းမြန်မြန်စီစဥ်လိုက်တော့လေ နော်အမေ့"

"​မှန်မှန်ပြောစမ်း မင်းကြိုက်နေတယ်ဆိုတာမောင်စောလား"

"ဟုတ်တယ်"

သူမကိုပြန်ဖြေပြီးခေါင်းငုံ့သွားတဲ့သားကြောင့်ဒေါ်ချိုမာအပျော်လုံးတွေစို့လာသလိုပင်။အဟီး သမက်ကလေးကိုသူ့သားမကြိုက်မှာစိုးရိမ်နေတာ ခုတော့သမက်ကလေးကိုသူ့သားကကြိုက်လွန်းလို့တောင်ပြာယာခတ်နေတာပဲ။

Angel SystemWhere stories live. Discover now