Arc 2.9

1.8K 206 1
                                    

( Unicode)

ယွဲ့ရုံ ကလေးငယ်ကနမ်းဖို့ကြိုးစားလို့ကြောင်အနေတုန်း တံခါးကိုကန်ဖွင့်လာတဲ့ထန်မင်ဝမ် အဲ့နောက်ကလေးငယ်ကိုပွေ့ကာခေါ်သွားတဲ့ထန်မင်ဝမ်ကြောင့် ယွဲ့ရုံနောက်ကလိုက်ရန်ပြင်လိုက်ပေမယ့် လာဆွဲလာတဲ့ချိုင်ကြောင့်

"ချိုင် ငါ့ကိုလွှတ် ဟိုမှာကလေးငယ်ကိုခေါ်သွားပြီ"

"အရှင်မင်းကြီး ကြင်ယာတော်ချင်အန်းကိုစိုးရိမ်သလို ကျွန်တော်လည်းစိုးရိမ်တာပါပဲ ဒါပေမယ့်ခုချိန်မှာဘယ်လိုမှမတတ်နိုင်ဘူးလေ"

"ငါ့ကိုလွှတ်ပါကွာ ဟိုကောင်က ကလေးငယ်ကိုတစ်ခုခုလုပ်လိမ့်မယ်"

"မဖြစ်ပါဘူးမင်းကြီး"

ယွဲ့ရုံကရုန်းနေတာကို ချိုင်ကအတင်းဆွဲကာတားနေတာမို့ ယွဲ့ရုံလည်းသူ့ကိုလာဆွဲထားတဲ့ချိုင့်ရဲ့လက်ကိုဆွဲအဖြုတ် ချိုင်ရဲ့ဝတ်ရုံနဲ့ယွဲ့ရုံရဲ့လက်ငြိသွားကာ ချိုင်ရဲ့ရင်ဘတ်နေရာကအနည်းငယ်ဟသွားတော့သည်။ထိုအခါထွက်ပေါ်လာသောဆွဲကြိုးလေး

"ဟင် ဒါ..ဒါကဘယ်လိုလုပ်မင်းဆီမှာရှိနေတာလဲ"

"ဘာကိုလဲမင်းကြီး"

"ဒီဆွဲကြိုးလေ ဒါကဘယ်သူပေးတာလဲ"

"ဒါက ကျွန်တော်ငယ်ငယ်တုန်းက ကိုကိုတစ်ယောက်ပေးထားတာ"

အပြုံးနဲ့အတူပြောလာတဲ့ချိုင်ကြောင့် ယွဲ့ရုံခြေထောက်တွေမခိုင်ပဲကြမ်းပြင်ပေါ်ပြုတ်ကျသွားတော့သည်။

"မင်းကြီးအဆင်ပြေရဲ့လား"

"မ..မဖြစ်နိုင်ဘူး မဟုတ်ဖူးမလား ဟင် ကိုယ်..ကိုယ်ထပ်ပြီးမှားရွေးမိတာလား"

"မင်းကြီးဘာတွေပြောနေတာလဲ"

သူ့ကိုနားမလည်တဲ့မျက်ဝန်းလေးနဲ့ကြည့်လာတဲ့ချိုင်ကြောင့် ယွဲ့ရုံမျက်ရည်တွေဝိုင်းလာရသည်။သူထင်တာက ကလေးငယ်ကချင်အန်းလို့လေ မုရန်ကိုယ်တိုင်အရင်ဘဝကပြောပြခဲ့တာမလား ဘာလို့ချိုင့်ဆီမှာဆွဲကြိုးရှိနေရတာလဲ ဒီမျက်ဝန်းနက်နက်လေးတွေ နှာခေါင်းလုံးလုံးလေးတွေ သေချာတွေးကြည့်တော့ ချိုင်နဲ့ကလေးငယ်ကတော်တော်တူတာပင် သူမှားပြီးရွေးမိတာဆို ကလေးငယ်ကိုဘယ်လိုမျက်နှာပြရမလဲ တစ်ချိန်လာခေါ်မယ်ပြောထားပြီး ခုတော့

Angel SystemWhere stories live. Discover now