Arc 6.10 end

1.5K 160 29
                                    

( Unicode)
.
.
.

"သမားတော် သမားတော်သွားခေါ်ကြ!!"

အဆောင်တော်ရောက်ရောက်ခြင်း သမားတော်ခေါ်ဖို့အမြန်မှာနေတဲ့ဂျက်ကို စမစ်မျက်လုံးဖွင့်ကာချောင်းကြည့်လိုက်သည်။သူ့လူကြီးကတကယ်စိတ်ပူနေတာပဲ။

"ကလေးငယ် ကလေးဘာမှမဖြစ်ရဘူးနော် အဟင့် ကိုယ်ရအောင်ကုမယ်"

သွေးထွက်နေတဲ့ဗိုက်ကိုကိုင်ပြီး ကယောင်ကတမ်းတွေပြောနေတဲ့ဂျက်ကိုကြည့်ကာ ဖြူလုံးသနားသွားတာမို့ hostကိုစကားပြောဖို့ကြံလိုက်သည်။

( hostရယ် သတိရပါတော့ဗျာ)

( ငါကဘာဖြစ်နေလို့လဲ)

( ဟင် hostကဘာမှမဖြစ်ဘူးလား)

( အေးလေ)

( မဖြစ်နိုင်တာ hostကိုဓားနဲ့ထိုးလိုက်တာ ကျွန်တော်ကိုယ်တိုင်မြင်တယ်လေ)

( ထိုးမိတာတော့ဟုတ်တယ်လေ ဒါပေမယ့် ငါ့အသားကိုမှမဟုတ်ပဲ)

( ဒါဆို ဒီသွေးတွေကရော)

( အတုတွေလေ)

သူ့ hostရဲ့အပြောကြောင့် ဖြူလုံးဒေါသထွက်ကာပြောချလိုက်သည်။

( host ဘာမှလည်းဖြစ်တာမဟုတ်ပဲနဲ့ မျက်လုံးကြီးမှိတ်မနေပါနဲ့တော့)

( မင်းကလည်းကွာ ငါ့လူကြီးကိုခနလောက်နှိပ်စက်ပါရစေအုံး သူကငါခံစားရအောင်လုပ်ထားတာကွ)

( နေပါအုံး အဲ့ဗိုက်ကသွေးတွေထွက်နေတာလေးရှင်းအုံး ဓားကြီးနဲ့ဝင်ထိုးတာလေ hostကိုမထိုးမိဘူးဆိုတာမဖြစ်နိုင်ဘူး hostဘယ်လိုလုပ်ထားလို့ သွေးအတုတွေထွက်ပြီး hostကိုမထိတာလဲ)

( ဒါကဒီလို ဒီနေ့ကဘာနေ့လဲ)

( လက်ထပ်ပွဲနေ့လေ)

( အေးလေ System World မှာ လက်ထပ်ပွဲနေ့ဆို ဓားနဲ့ပြေးထိုးရတာနဲ့ သေနတ်နဲ့ပြစ်ခံရတာနဲ့ လုပ်ကြံခံရတာပဲမလား အာ့ကြောင့်ကြိုပြင်ဆင်ထားတာ)

( ဘယ်လိုဘယ်လို hostရယ် လက်ထပ်ပွဲတိုင်းကလုပ်ကြံမှုရှိတယ်လို့ hostကိုဘယ်သူပြောလဲ)

( ငါ့ကိုလာပြောနေကြသူငယ်ချင်းဆိုတာသိတယ်မလား သူကအမြဲလာပြောတော့ ငါလည်းအဲ့ဇာတ်ကွက်တွေမှတ်မိနေလို့ပါ)

Angel SystemWhere stories live. Discover now