Arc 2.5

1.8K 209 6
                                    

(Unicode)

ဖြူလုံး သူ့hostအိပ်ပျော်သွားတာကိုကြည့်နေတုန်း တစ်စုံတစ်ယောက်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။ဖြူလုံးကိုကိုင်နိုင်တယ်ဆိုတော့ဒီလူကhostရဲ့လူကြီးဖြစ်လိမ့်မည်။

"ကျွန်တော့်ကိုလွှတ်"

"ရှူးးးးမအော်နဲ့ ကလေးငယ်အိပ်နေတယ် မင်းစိတ်ထဲကပြောငါကြားရတယ်"

( ကျွန်တော့်ကိုဘာလို့ဖမ်းတာလဲ ခင်များကဘယ်သူလဲ)

ဖြူလုံးရဲ့အမေးစကားဆုံးတာနဲ့ထိုလူရဲ့မျက်လုံးတွေကငွေရောင်တောက်လာကာ ဖြူလုံးကိုစိုက်ကြည့်ပြီး

( ငါဘယ်သူလဲဆိုတာမင်းသိပါတယ်)

( ခင်များကဒီကမ်ဘာကဇာတ်ကောင်လေ ကျွန်တော်မသိပဲနေမလား)

( အဟက် ဇာတ်ကောင်တစ်ခုကမင်းကိုအခုလိုကြိုးနဲ့ဖမ်းချုပ်ထားနိုင်မယ်ထင်လား)

ထိုလူပြောတာမှန်တာမို့ ဖြူလုံးငြင်းဖို့မဖြစ်နိုင်တော့ ထိုလူသုံးတဲ့ကြိုးက နတ်ဘုရားတွေသာကိုင်ဆောင်တဲ့ ဝိဉာဥ်ချုပ်ကြိုးပင်။

( ခင်များဘာလို့ကျွန်တော့်ကိုဖမ်းတာလဲ)

( အရင်ဆုံးငါသိချင်တာက ကလေးငယ်နဲ့မင်းဘာတွေတိုင်ပင်နေတာလဲ)

( ကျွန်တော်မသိဘူး)

( ထပ်မေးမယ် ဘာအကြောင်းပြောနေကြတာလဲ)

ထိုလူ့ရဲ့ငွေရောင်တောက်လာတဲ့အကြည့်စူးစူးတွေကြောင့် ဖြူလုံးမပြောလို့မရတော့ တောင်းပန်ပါတယ်hostရယ် hostလူကိုကျွန်တော်လည်းကြောက်တယ်။

( ဟို..ထန်ဘုရင်နဲ့လက်ထပ်မယ့်အကြောင်းပါ)

( ထန်ဘုရင် ဘယ်တစ်ယောက်လဲ အရင်မင်းကြီးလား အခုမင်းကြီးလား နာမည်ပြော)

( ထ..ထန်စစ်ဝေ ပါ)

( ဘာ!!! )

( ဟုတ်ပါတယ် hostကအဲ့လူကိုမေးလို့ပါ)

( ဒါဆိုကလေးငယ်ကထန်စစ်ဝေကိုလက်ထပ်မှာပေါ့)

( ဟုတ်ကဲ့)

( မဖြစ်ရဘူး ကလေးငယ်ကထန်စစ်ဝေကိုမချစ်ရဘူး)

စိတ်ထဲကရေရွတ်နေတာကို ဖြူလုံးကြားနေရသည်။ထိုလူကရိုးရိုးပြောတာမဟုတ် အိပ်ပျော်နေတဲ့hostကိုကြည့်ပြီး မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တာပင်။

Angel SystemWhere stories live. Discover now