Arc 4.4

1.4K 182 14
                                    

( Unicode)

ဂျေးမက်စ် ဆေးပင်ကိုစောင့်နေတဲ့ဝိဉာဥ်ကိုတိုက်ပြီး ဆေးပင်ကိုဆွဲနှုတ်လိုက်တယ်ဆိုရင်ပဲ တောရဲ့အပြင်ဘက်ကိုပြန်ရောက်သွားရသည်။

"သား ဂျေးမက်စ် ဘာဆေးပင်ရလာလဲ"

"ဆရာမ ဒီမှာဗျ"

သူမလက်ထဲထည့်ပေးလာတဲ့ ဆေးပင်ကိုကြည့်ပြီး သူမထိုကလေးကိုမချီးကျူးပဲမနေနိုင်ပေ။

"သားကအတော်ဆုံးကျောင်းသားဆိုတဲ့ဂုဏ်နဲ့ထိုက်တန်ပါတယ် ဒီလိုအဆင့်၂ရိှတဲ့ဆေးပင်မျိုးကိုရှာလာနိုင်တာ သားရဲ့မှော်ပညာကိုဖော်ပြလိုက်သလိုပါပဲ တော်တယ်"

"ကျေးဇူးပါဗျ"

ဂျေးမက်စ်လည်း ဆရာမကိုဆေးပင်ပြပြီးတာနဲ့ ကျောင်းသားတွေနားကိုသွားရပ်လိုက်သည်။အသီးသီးပြန်ရောက်လာပေမယ့် ရွန်ဒါတော့မပါပေ။ရွန်ဒါကို ဂျေးလိုက်ရှာနေပေမယ့်လည်း ထွက်လာတဲ့ကျောင်းသားတွေထဲမှာရှာမတွေ့ခဲ့။ရွန်ဒါသူငယ်ချင်း ဖရက်ဆိုတဲ့ကောင်လေးထွက်လာတာမြင်ပေမယ့် ဆရာမကိုဆေးပင်ပြနေတာကိုခနစောင့်ကြည့်လိုက်ကာ ပြီးပြီဆိုတာနဲ့ ဖရက်အနားကိုဂျေးအပြေးသွားလိုက်သည်။

"ဖရက် ရွန်ဒါကိုတွေ့မိသေးလား"

"ဟင့်အင်း ရွန်ဒါကပြန်မရောက်သေးဘူးလား"

"ဟုတ်တယ် ခုထိထွက်မလာသေးဘူး"

ထိုအချိန်သူတို့အနားကိုရောက်လာတဲ့ နိုလာ

"ဂျေးကိုဂုဏ်ပြုပါတယ်နော် အဆင့်၂ရိှတဲ့ဆေးပင်ကိုရှာနိုင်တယ်ဆို"

"ဟုတ်တယ် နိုလာကိုလည်းဂုဏ်ပြုပါတယ် အဆင့်၅ရိှတဲ့အပင်ကိုယူနိုင်တယ်ဆို"

"အဟင်း ရပါတယ် ဒါနဲ့ဖရက်ကရော"

သူ့ကိုအထင်သေးသလိုမေးလာတဲ့နိုလာကိုကြည့်ကာ ဖရက်ကမဖြေချင်ပေမယ့် အနားမှာတစ်ခြားသူတွေလည်းရှိတာမို့

"အဆင့်၃"

"ဘာ မဖြစ်နိုင်တာ!"

ရုတ်တရက်ထအော်တဲ့နိုလာကြောင့် ဂျေးမက်စ်စိတ်ထဲတစ်မျိုးဖြစ်သွားရသည်။နိုလာကဘယ်တုန်းကဒီလိုမျိုးပြုမူဖူးလို့လဲ။

Angel SystemWhere stories live. Discover now