Arc 5.1

1.5K 170 19
                                    

( Unicode)
.
.
.

{ရိပေါ်ကိုဒီအပိုင်းကစပြီးရှင်းဂျီအွန်းလို့်သုံးပါတော့မယ်}

ဂျီအွန်းအိပ်နေတုန်းတစ်ယောက်ယောက်ရဲ့လှုပ်နှိုးခြင်းကိုခံနေရသလိုမျိုး ခံစားနေရတာမို့ ဟိုနွားကောင်လာပြန်ပြီလို့တွေးလိုက်မိပြီး လာနှိုးတဲ့သူကိုမျက်စိမဖွင့်ပဲအော်ပြစ်လိုက်သည်။

"အခုငါ့အခန်းထဲကထွက်သွား!"

"Dad..Daddy...."

နားထဲမှာ ကလေးတစ်ယောက်ရဲ့အသံတိမ်တိမ်လေးနဲ့ ဒယ်ဒီလို့ခေါ်သံကိုကြားလိုက်ရတာမို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျောင်းဝတ်စုံအပြည့်နဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ဂျီအွန်းကုတင်နားမှာရပ်နေပြီး မျက်ရည်အဝိုင်းသားနဲ့ဂျီအွန်းကိုကြည့်နေသည်။What? ငါက ကလေးအဖေလား ဟိုကောင်နဲ့ရတာလား မဟုတ်ဘူးမလား မဟုတ်လောက်ပါဘူးငါကယောက်ျားကြီးလေ။

ထယ်ဆော့ သူ့ကိုအော်လာတဲ့ Daddyကြောင့်ဝမ်းနည်းမိသည်။Daddyကဘယ်တုန်းကမှ ထယ်ဆော့ကိုမအော်ဖူးဘူး daddyကထယ်ဆော့ကိုမချစ်တော့လို့များလား။ထယ်ဆော့အသံကြားတာနဲ့မျက်လုံးဖွင့်ကြည့်လာတဲ့daddyက ဘာမှလည်းမပြောဘူး တကယ်ကြီးထယ်ဆော့ကိုမချစ်တော့ဘူးထင်တယ်။

ဂျီအွန်း သူ့systemကိုမေးမှရတော့မယ် ဒီကလေးကဇာတ်ကြောင်းမှာမပါပါဘူး။

( ဖြူလုံး ငါရှေ့က'ကလေး'ကငါ့ကလေးလား မဟုတ်ဖူးလို့ဖြေစမ်းပါကွာ ဒါဟိုနွားကောင်နဲ့ရတာမဟုတ်ဖူးမလား)

( မဟုတ်ပါဘူးhost ဒီကလေးကhostကလေးမဟုတ်ပါဘူး)

( ဟူးးးတော်ပါသေးရဲ့ ဒါဆိုဒီကလေးကဘယ်သူလဲ)

( ဒါကဂျီအွန်းမွေးစားထားတဲ့ကလေးပါ ဂျီအွန်းအစ်မရဲ့သား နာမည်ကရှင်းထယ်ဆော့တဲ့ ဂျီအွန်းရဲ့အစ်မကားတိုက်မှုဖြစ်တဲ့အချိန်မှာ ဂျီအွန်းရဲ့အစ်မကထယ်ဆော့လေးကိုမွေးခါနီးအချိန်ပါ ကားတိုက်မှုဖြစ်ပြီးဆေးရုံမှာပဲ ထယ်ဆော့လေးကိုမွေးပြီးပြီးချင်းဆုံးသွားလို့ ဂျီအွန်းကမွေးစားထားတာပါhost)

( ဪ ဒါဆိုဒီကလေးကအသက်ဘယ်လောက်လဲ ဆယ်နှစ်တော့ကျော်ပြီထင်တယ်)

Angel Systemजहाँ कहानियाँ रहती हैं। अभी खोजें