Arc 3.3

1.6K 204 7
                                    

( Unicode)

ကောင်းမာန် သူ့အမေကစောသက်အိမ်ကိုအတင်းသွားခိုင်းတာမို့် စူပုပ်ပုပ်နဲ့သာ စောသက်အိမ်ကိုထွက်လာလိုက်သည်။ကောင်းမာန် စောသက်ကိုနာမည်သာကြားဖူးတာ လူကိုတော့မမြင်ဖူးပေ စောသက်အကြောင်းကို သက်ထားကပြောလို့သိနေတာပင်။သူဒီကိုပြန်ရောက်တာ တစ်ပတ်တောင်မပြည့်သေးဘူး သက်ထားပြောပြလို့စောသက်နာမည်ရယ် လုပ်တဲ့အလုပ်ရယ် ဘယ်လောက်ချောတာရယ် အကုန်ပါပဲ သူအကုန်သိပြီးနေပြီပင်။သို့ပေမယ့် စောသက်ဆိုတဲ့သူကိုသူတကယ်မမြင်ဖူးပေ သက်ထားကချောတယ်လို့ချီးကျူးထားတော့ကြည့်လိုက်ပါအုံးမယ် မချောလို့ကတော့သက်ထားကိုရန်တွေ့ပြီးဆူပြစ်လိုက်အုံးမည်။ဟုတ်တယ် အဲ့ကလေးမက သူ့ထက်၃နှစ်တောင်ငယ်တယ်လေ အဲ စောသက်ကလည်း၃နှစ်ငယ်တာပဲဟ ဟာဘယ်လိုဖြစ်လို့အတွေးထဲစောသက်တွေပြည့်နေတာတုန်း။သူလည်းဆက်မတွေးတော့ပဲ ရွာတောင်ပိုင်းကိုသာအမြန်သွားလိုက်သည်။

~~~~~~~~~~~~~~~
စောသက်အိမ်....

"ကိုမင်း ကျွန်တော်စိုက်ခင်းထဲပြန်သွားမို့ အဲ့တာလိုက်အုံးမလား"

"မလိုက်တော့ဘူးမောင်စော ဒီမှာဟင်းအိုးတန်းလန်းကြီးမို့လေ မောင်စောပဲသွားလိုက်ပါ"

"ဟုတ်ကဲ့ပါ ဒါဆိုကျွန်တော်သွားတော့မယ်"

"နေအုံးမောင်စော အလုပ်တွေတအားမလုပ်နဲ့နော် အလုပ်သမားတွေလည်းခိုင်းပါအုံးကွာ မင်းကြည့်ဒိုင်ခံလုပ်မနေနဲ့"

"ကိုမင်းကလည်းဗျာ စိတ်ချပါ ကျွန်တော်အဲ့လောက်လည်းမလုပ်ပါဘူး ကျွန်တော်ကကိုယ်တိုင်လုပ်လိုက်ရမှကျေနပ်နေလို့ပါဗျ"

"အေးပါကွာ မင်းလုပ်ချင်သပဆိုလည်းလုပ် ငါမတားတော့ဘူး"

"ဟီးဟီး ကျွန်တော်သွားပြီဗျ နေ့လည်စာလာပို့ဖို့မမေ့နဲ့နော်"

"စိတ်ချပါ သွားမှာသာသွား"

"ဟုတ်ဟုတ်"

ထွက်သွားတဲ့မောင်စောကိုကြည့်ကာ မင်းမင်းတွေးမိသည်။ဒီကလေးကတကယ်ကိုလိမ်မာတာရယ် အပြောအဆိုအနေအထိုင်ကအစ သိပ်ကိုချစ်ဖို့ကောင်းတဲ့လူရည်မွန်လေး အဲ့ကလေးကိုစောင့်ရှောက်ဖို့ ဦးကြီးကိုယ်တိုင်မင်းမင်းကိုပြောခဲ့တာ ဦးကြီးဆိုတာစောသက်ရဲ့ဦးလေးကိုပြောတာပင် စောသက်အိမ်သပ်သပ်ခွဲနေရတော့ မင်းမင်းကိုစောင့်ရှောက်ပေးဖို့ထည့်လွှတ်လိုက်တာဖြစ်သည်။
မင်းမင်းလည်းအတွေးတွေကိုရပ်ကာ ဟင်းအိုးတွေကိုသာအာရုံစိုက်လိုက်သည်။အားလုံးကျက်တာနဲ့မင်းမင်းတစ်​ယောက် ထမင်းဟင်းတွေကိုချိုင့်နဲ့ဆင့်ကာ စိုက်ခင်းထဲကစောသက်ဆီသွားဖို့ အိမ်တံခါးတွေပိတ်နေလိုက်သည်။ထိုအချိန်

Angel SystemWhere stories live. Discover now