Arc 6.1

1.3K 176 12
                                    

( Unicode)
.
.
.

{ ရိပေါ်ကို ဒီအပိုင်းကစပြီးစမစ်ဟေးလို့သုံးပါတော့မယ် }

ဂျက်ကရယ် နိုးလာလာခြင်းမြင်လိုက်ရတာကသစ်သားမျက်နှာကြက်ဖြစ်နေတာမို့ သူသတိမမေ့ခင်အကြောင်းတွေပြန်တွေးကြည့်လိုက်သည်။သူရေထဲနစ်တော့မယ့်အချိန်မှာ ပင်လယ်ဓားပြသင်ဘောရောက်လာတယ် အဲ့နောက်လူတစ်ယောက်ကသူ့ဆီကူးခတ်လာပြီး သင်ဘောပေါ်ကသူ့လူတွေကိုလည်းခေါ်နေသေးတယ် အဲ့နောက်ပိုင်းသူမမှတ်မိတော့ဘူး ကျစ် စိတ်ပျက်စရာပဲ အဲ့ပင်လယ်ဓားပြတွေကမုန်းဖို့ကောင်းတယ်။

ဂျက်ကရယ်အိပ်ယာပေါ်ကထလိုက်တော့ သူ့အကျီတွေမဟုတ်တာမို့ အခန်းပတ်ပတ်လည်ကိုသတိအနေအထားနဲ့လိုက်ကြည့်လိုက်တော့ သူ့အိပ်ယာဘေးမှာခွေခွေလေးအိပ်နေတဲ့သူတစ်ယောက် အသားလေးကဖွေးနေပြီး ပိန်သွယ်သွယ်ကိုယ်လုံးလေးကိုကွေးပြီးအိပ်နေပုံများ ကြောင်ပေါက်လေးတစ်ကောင်လာခွေနေသလိုချစ်ဖို့ကောင်းလွန်းသည်။

ဂျက်ကရယ်ငေးနေတုန်း လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ ကြောင်ပေါက်လေးကြောင့် အိပ်ယာထဲဝင်ကာအိပ်ချင်ယောင်ဆောင်လိုက်သည်။

စမစ် နိုးနိုးချင်းကြည့်မိတာကအိပ်ယာပေါ်ကလူကိုပဲ ခုထိမထသေးဘူးဒီလူတော်တော်အိပ်ရေးကြီးတာပဲလို့တွေးနေလိုက်သည်။ထိုအချိန် ဖြူလုံးဆီမှ စက်ရုပ်လိုလိုအသံကြီးထွက်ပေါ်လာတာမို့ အလန့်တကြားနဲ့ထခုန်လိုက်မိသည်။

( ဒင်!! OOC OOC လုပ်ဆောင်ချက်စတင်ဖွင့်ပါပြီ.....3...2..1...Completed OOC လုပ်ဆောင်ချက်ပွင့်ပါပြီ Congratulations! My host 🎉🎉 )

စမစ်နားတွေအူထွက်သွားရုံမက မျက်လုံးထဲပေါ်လာတဲ့တလက်လက်အမှုန့်တွေကြောင့် အူကြောင်ကြောင်နဲ့ပြန်ကြည့်လိုက်သည်။ဘာလဲအခုက ရွှေမှုန်တွေကျဲခံနေရတာလား ငါ့ကိုယ်ပေါ်ကိုလေ။

( ဖြူလုံး အဲ့တာဘာတွေလဲ)

( concon ပါhost ခုချိန်ကစပြီး ဇာတ်ကောင်ကိုhostလိုသလိုထိန်းချုပ်လို့ရပါပြီဗျ)

( ဒါဆို ငါခေါ်ချင်သလိုခေါ်လို့ရပြီပေါ့)

( yes host)

Angel SystemWhere stories live. Discover now