Arc 1.6

2.6K 273 7
                                    

( Unicode)

သူ့ကိုအတိုင်အဖောက်ညီညီခနဲ့ကာထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ပြီးယဲ့ရှင်းကတော့ဒေါသထွက်နေသည်။

"ကိုယ်မင်းကိုမရရအောင်ပြန်ယူမှာရိပေါ်"

သစ်ပင်အကွယ်ကအမျိုးသမီးတစ်ယောက်ကတော့

"ငါနင့်ဘဝကိုဖျက်ဆီးပြမယ်ရိပေါ် ကိုကိုကငါ့အပိုင်ပဲဖြစ်ရမယ်"

သူတို့နှစ်ယောက်မသိတာကရိပေါ်ဘေးမှာနတ်ဆိုးတစ်ပါးကအမြဲရှိနေတယ်ဆိုတာပါပဲ။

ဖေးဖေးကထိုနေရာကထွက်လာပြီးအိမ်ကိုသာပြန်လာလိုက်တော့သည်။အိမ်ပြန်ရောက်တာနဲ့သူခေါ်နေကြဖုန်းကိုခေါ်လိုက်တော့သည်။

"ဦးးးဝမ်ရိပေါ်ကိုဆုံးမမယ့်အစီအစဥ်ကိုလေမနက်ဖြန်ရွေ့လိုက်ပါလား"

"လောလှချည်လားကလေးရဲ့"

"ဟို....ဖေးကမြန်မြန်ပြီးသွားတော့စိတ်အေးရအောင်လို့ပါ"

"ဟုတ်ပါပြီဗျာ...ဒါဆိုဒီညဦးဆီလာခဲ့နော်ကလေး"

"အဟင်းဦးကလည်းပြောစရာလိုသေးလို့လား"

"ဟုတ်ပြီလေ ဒါဆိုဦးစောင့်နေမယ်"

ဖုန်းကျသွားတာနဲ့ဖေးဖေးမျက်နှာကိုမဲ့ရွဲ့လိုက်သည်။

"သူ့လိုအရေတွန့်နေတဲ့အဖိုးကြီးများငါ့ကိုမှန်းနေတယ် အားးးးစိတ်တိုဖို့ကောင်းလိုက်တာ အဲ့တာတွေအားလုံးနင့်ကြောင့်ဝမ်ရိပေါ် နင့်ကြောင့်သာမဟုတ်ရင်ငါ့ဘဝအခုလိုစုတ်ပြတ်နေမှာမဟုတ်ဘူး နင်ကကောင်းကျိုးမပေးတဲ့ကောင်ပဲ မုန်းတယ်အရမ်းမုန်းတယ်!!!"

"မမလေးအဆင်ပြေရဲ့လား"

စိုးရိမ်တကြီးဝင်လာတဲ့အိမ်တော်ထိန်းကိုဖေးဖေးပြန်အော်လိုက်သည်။

"ထွက်သွား!!!"

"ဟုတ်ကဲ့ပါ မမလေးလိုတာရှိရင်လှမ်းခေါ်လိုက်ပါ"

အိမ်တော်ထိန်းထွက်သွားတာနဲ့ အခန်းထဲမှာရှိတဲ့ပန်းအိုးတွေကိုရိုက်ခွဲပြစ်လိုက်သည်။ထို့နောက်တိုးလျလျအသံလေးထွက်ပေါ်လာတော့သည်။

" Sob*ငါ...ဟင့်...နင့်ကို..အရမ်းမုန်းတာပဲ ဝမ်ရိပေါ်ရယ် အီးးဟီးးဟီးးးမုန်းတယ်လို့ရိပေါ်ရဲ့"

Angel SystemWhere stories live. Discover now