Arc 4.9

1.5K 193 7
                                    

( Unicode)

နိုလာ ဒီနေ့စိတ်တွေပျော်ပြီး ကျောင်းသွားရတဲ့ခြေလှမ်းတိုင်းကတက်ကြွနေသည်။ဒီနေ့ကျောင်းမှာရွန်ဒါကိုမမြင်ရဘူးဆိုရင် သေချာပြီရွန်ဒါကဒီကမ်ဘာမှမရှိတော့ဘူးဆိုတာလေ။သူမအတွက်ကတော့လုံးဝကိုသာယာတဲ့နေ့လေးပဲ။သူမလမ်းလျှောက်လာရင်း ဘေးဘီဝဲယာလိုက်ကြည့်မိတော့ ဂျေးကိုတွေ့တာမို့ ဂျေးအနားကိုအပြေးသွားလိုက်မိသည်။

"ေဂျးးးး နိုလာကိုစိတ်ဆိုးနေတာလားဟင်"

"စိတ်ဆိုးရအောင် မင်းနဲ့ငါကအဲ့လောက်မခင်ဘူး"

"ဂျေးကလည်း နိုလာက အဲ့နေ့ကရွန်ဒါကိုအပြစ်တင်တာမဟုတ်ပါဘူး ရွန်ဒါကဂျေးကိုချေမိုးပြသွားတော့လေ နိုလာကဂျေးဘက်ကနေမခံနိုင်လို့ပါ အဲ့နေ့ကအတွက်တောင်းပန်ပါတယ်နော်"

"မလိုပါဘူး ငါ့ဘက်ကဘာမှတောင်မမှတ်မိတော့တာမို့ တောင်းပန်ဖို့မလိုဘူး"

"အဲ့လိုတော့ဘယ်ဟုတ်မလဲဂျေးရယ် ဒါနဲ့ဂျေးကကျောင်းပေါက်ဝမှာဘာလုပ်နေတာလဲဟင်"

"ရွန်ဒါကိုစောင့်နေတာ"

သူမစိတ်ထဲဒေါသထွက်သွားပေမယ့်လည်း မကြာခင်ရွန်ဒါသေပြီဆိုတဲ့သတင်းကကြားရတော့မှာပဲမလား ခနလောက်တော့သည်းခံလိုက်အုံးမယ်။

"ဪ နိုလာလည်းဂျေးနဲ့အတူစောင့်မယ်နော်"

ဒါမှရွန်ဒါသေတာကြားရမှာမလား ဂျေးနဲ့အတူစောင့်ရမှာပေါ့။

ဂျေးမက်စ် သူမကိုဘာမှပြန်မပြောမိတော့ သူမဘာသာစောင့်စောင့်မစောင့်စောင့်ဂျေးဂရုမစိုက်ပေ။ဂျေးဂရုစိုက်တာက ဖရက်လာဖို့ပင် ဖရက်လာရင်ရွန်ဒါလေးအကြောင်းသိရပြီလေ။သူတွေးလို့မဆုံးသေး ကျောင်းနားကိုလျှောက်လာတဲ့ဖရက်ကြောင့် ဂျေးလက်လှမ်းပြလိုက်တော့ ဖရက်ကဂျေးအနားကိုအပြေးလာလေသည်။ဂျေး ဖရက်ကသူ့အနားရောက်ပြီဆိုတာနဲ့စမေးတော့သည်။

"ဖရက် ရွန်ဒါရော ဘယ်မှာလဲလို့"

"ဟို...."

ဂျေးမက်စ်ကိုဘယ်လိုပြောရမလဲ ရွန်ဒါကိုသူ့အကိုကအတင်းသိမ်းပိုက်သွားတယ်လို့ပြောရမှာလား ဒါမှမဟုတ် ရွန်ဒါကိုဘုရင်ကတော်ကောက်လိုက်တယ်လို့ပြောလိုက်ရမလား ဘယ်လိုပြောရမှန်းတောင်မသိတော့။

Angel SystemWhere stories live. Discover now