Arc 5.2

1.4K 173 16
                                    

( Unicode)

ဂျီအွန်း ထယ်ဆော့ကိုကျောင်းပို့ပြီး သူ့ Companyကိုထွက်လာလိုက်သည်။ကားမောင်းနေရင်းဖုန်းသံကြားတာမို့ကိုင်လိုက်ကာ

"ဟယ်လို"

"အကို"

သူ့ကို'အကို'လို့ခေါ်လာတဲ့သူကြောင့် ဂျီအွန်းရဲ့မှတ်ဉာဏ်ထဲမွှေနှောက်ရှာလိုက်တော့ ကင်ဆိုဘင်ဆိုတဲ့သူရှိမှန်းသိလိုက်ရတာမို့

"အေးပြောလေ"

"ကျွန်တော်တို့ဆိုင်တစ်ဆိုင်မှာတွေ့ကြရအောင် ကျွန်တော်အကိုနဲ့ဆွေးနွေးစရာရှိတယ်"

"ဟုတ်ပြီလေ အကိုဘယ်ကိုလာခဲ့ရမလဲ"

"အကို့ Company နားကအသစ်ဖွင့်ထားတဲ့ဆိုင်လေးကိုလာခဲ့ပေး"

"ကောင်းပြီ အကိုလာခဲ့မယ်အဲ့မှာပဲစောင့်နေ"

"ဟုတ်"

ချသွားတဲ့ဖုန်းကိုကြည့်ပြီး ဂျီအွန်းအတွေးထဲရောက်လာတာက ကင်ဆိုဘင်ဆိုတဲ့လူအကြောင်း ထိုတစ်ယောက်က ဂျီအွန်းနဲ့လုပ်ငန်းပါတနာလို့ပြောလို့လည်းရသလို ​ညီအရင်းလိုခင်နေတဲ့သူလည်းဖြစ်တယ်။ထိုကောင်လေးနဲ့က လုပ်ငန်းပါတီတစ်ခုမှာတွေ့ခဲ့ရတာလေ အဲ့ကောင်လေးအကူအညီလိုအပ်နေတုန်း ဂျီအွန်းကကူညီခဲ့တာ အဲ့နောက်ပိုင်းဆိုဘင်က Company ကိုလာပြီးအလုပ်အကြောင်းတွေတိုင်ပင်တယ် သူ့အကြောင်းကိုယ့်အကြောင်းပြောရင်း ဆိုဘင်ကဂျီအွန်းကိုအကိုအရင်းလိုသတ်မှတ်လိုက်သလို ဂျီအွန်းကလည်းဆိုဘင်ကိုညီအရင်းလိုသဘောထားလိုက်တော့တာ။ဂျီအွန်းမောင်းလာရင်း ချိန်းထားတဲ့ဆိုင်ကိုရောက်လာပြီမို့ ကားပါကင်ထိုးကာ ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ ထောင့်ကျကျဝိုင်းမှာထိုင်နေတဲ့ကောင်လေး။ကောင်လေးလို့သာခေါ်နေရတာ ဆိုဘင်က ဂျီအွန်းထက်၂နှစ်ပဲငယ်တယ်။

"အကို ကျွန်တော်ဒီမှာ"

သူ့ကိုလက်လှမ်းပြနေတဲ့ဆိုဘင်ကြောင့် ထိုစားပွဲအနားအမြန်သွားကာထိုင်လိုက်သည်။

"ခါတိုင်းဆို Company လာနေကြပါ ဒီနေ့ကျမှဆိုင်ကိုချိန်းတယ်ဆိုတော့ ညီအဆင်ပြေရဲ့လား တစ်ခုခုများဖြစ်လို့လား"

Angel SystemWhere stories live. Discover now