Arc 7.4

1K 143 43
                                    

( Unicode)
.
.
.
.

"အချစ်ကိုယ်ပေးတဲ့မုန့်လေးယူထားနော်"

"Babe ကိုယ့်ရဲ့အအေးလေးကိုယူမယ်မဟုတ်လား"

ငြင်းခုန်နေတဲ့နှစ်ယောက်ကြောင့်မာ့ခ်ကီခေါင်းတောင်မူးလာသလိုလို။လူကြီး(ကျန့်ကော)ပေးတာကိုယူချင်ပေမယ့် တစ်​ယောက်တည်းကွက်ယူလို့လည်းမကောင်းပြန်ဘူး ဘာလုပ်ရမလဲ။

"မာ့ခ်ကီ ဒါရိုက်တာကခနနေရိုက်ကွင်းသွားမယ်တဲ့ ဒီမှာရော့ သရုပ်ဆောင်ရမယ့်စာသားတွေ"

မာ့ခ်ကီအခက်တွေ့နေတုန်း ဘေးကိုရောက်လာကာပြောလိုက်တဲ့ရုဒဲကြောင့် ကျေးဇူးတင်နေမိသည်။ရုဒဲရေ မင်းကယ်လို့သာပဲ။

"omm ကျေးဇူးပဲ"

"မလိုပါဘူးကွာ"

ရုဒဲ မာ့ခ်ကီရဲ့ပခုံးပေါ်လက်တင်ကာပြောလိုက်ပေမယ့် ထိုလက်ကိုချက်ချင်းပြန်ရှုတ်လိုက်ရသည်။ရုဒဲရဲ့လက်ကိုခပ်စူးစူးကြည့်နေတဲ့နှစ်ယောက်ကြောင့်ပေါ့။

"အာ အဟဲ သွားကြမယ်လေ"

ကြောက်လို့တုန်နေတဲ့ရုဒဲနဲ့ စူးနစ်နေတဲ့မျက်ဝန်းနှစ်စုံကြောင့် မာ့ခ်ကီဝင်ပြောလိုက်တော့ ရိုင်းဒိုနဲ့ဆုမီဆီမှတစ်သံတည်းထွက်လာပြန်သည်။

"သူက အချစ်/Babe ရဲ့ ဘာလဲ"²

"မန်နေဂျာလေ"

"သူက Omega ဆို"²

"ဟုတ်တယ်လေ"

"မဖြစ်ရဘူး!!"

"ဟင်"

"ဟုတ်တယ် ဒါတော့ကိုယ်လည်းထောက်ခံတယ်"

ဆုမီရဲ့အော်သံကြောင့် မာ့ခ်ကီကြောင်အစွာရေရွတ်လိုက်ပေမယ့် ရိုင်းဒိုရဲ့ထောက်ခံစကားကြောင့် ဘာပြန်ပြောရမှန်းမသိတော့ပေ။

"ဟို..ဟိုလေ ကားပေါ်ရောက်မှဆက်ပြောကြပါလား အခုကရိုက်ကွင်းသွားရအုံးမယ်လေ"

ရုဒဲဝင်ပြောလိုက်မှ ထိုနှစ်ယောက်ကဆက်မပြောတော့ပဲ ကားပေါ်သွားထိုင်လေသည်။သူတို့ချည်းပဲထိုင်တာဆိုပြဿနာမရှိဘူး အခုဟာက မာ့ခ်ကီရဲ့လက်မောင်းကိုတစ်ဖက်တစ်ယောက်ဆီမချီပြီး ကားထဲထည့်လိုက်ကာ ဘယ်ဘက်မှာကရိုင်းဒို၊ညာဘက်မှာကဆုမီဝင်ထိုင်လိုက်တော့ မာ့ခ်ကီပြေးပေါက်ပိတ်သွားရသည်။

Angel SystemWhere stories live. Discover now