Arc 3

1.9K 199 5
                                    

( Unicode)

ရိပေါ်ရောက်ရောက်ချင်းနေရာကြည့်တော့ အရင်ကမ်ဘာကလိုမျိုးမဟုတ်ပဲ အေးချမ်းတိတ်ဆိတ်နေတာမို့ ရိပေါ်ပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်တော့ဝေလီဝေလင်းအချိန်ပင်ရှိသေးသည် တစ်ခါတစ်ခါကြက်တွန်သံကိုပါကြားရသေးသည်။

( ဖြူလုံး ဒါဘယ်နေရာလဲ ငါဒီလိုအိမ်မျိုးမမြင်ဖူးဘူး)

( ဟုတ်ကဲ့ hostရောက်နေတာကမြန်မာပြည်မှာပါ အိမ်ကပျဥ်ထောင်အိမ်လေးပါ)

( ဪ ဒါကြောင့်ကိုး)

( host အဆင်ပြေပြီဆို ကျွန်တော်ဇာတ်ကြောင်းပို့လိုက်တော့မယ်)

( omm ရတယ်ခုပို့လိုက်)

ရိပေါ်ခေါင်းထဲတစ်ချက်မူးဝေသွားပေမယ့် သုံးကမ်ဘာမြောက်ရှိပြီမို့နည်းနည်းတော့ကျင့်သားရသွားပြီလို့ပြောနိုင်သည်။
ရိပေါ်မျက်လုံးထဲပေါ်လာတဲ့စာကြောင်းတွေဖတ်လိုက်တော့ ရိပေါ်ရောက်နေတာက မြန်မာပြည်ကကျေးလက်ဒေသတစ်ခုမှာပင်။ဒါကြောင့်လည်း ကြက်တွန်သံတွေကြားရတာဖြစ်မည်။ဒီကမ်ဘာရဲ့ ဇာတ်လိုက်က ထူးဆန်းစွာပင် အသက်၄၀အရွယ်ဦးလေးတစ်ယောက်ဖြစ်သည်။ဦးအရွယ်ဆိုပေမယ့် အသက်၄၀နဲ့မလိုက်အောင်နုပျိုတဲ့ယောက်ျားတစ်ဦးပင် ဇာတ်လိုက်ရဲ့နာမည်က မြတ်ဦးဆွေ ဖြစ်ပြီးတစ်ရွာလုံးကလေးစားတဲ့လူကြီးလူကောင်းတစ်ဦးဖြစ်သည်။တစ်ရွာလုံးက ဦးဆွေလို့ခေါ်ရတဲ့တည်ကြည်ဖြောင့်မတ်တဲ့ဇာတ်လိုက်က သက်ထားလို့ခေါ်တဲ့ရွာကအလှပန်းလေးကိုတော့စိတ်ဝင်စားခဲ့သည်။သက်ထားကတော့ဒီကမ်ဘာကဇာတ်လိုက်မဖြစ်ပြီး ယဥ်ကျေးသိမ်မွေ့ကာ အလွန်ပင်ချောလှသူဖြစ်သည်။အရမ်းကိုအနေအေးပြီး တည်ကြည်တဲ့ဇာတ်လိုက်က ဇာတ်လိုက်မရဲ့အပြုအမူလေးတွေကြောင့် စိတ်ဝင်စားလာခဲ့သည်။နောက်ပုိင်းရွာကဘုရားပွဲမှာ သက်ထားကဖျော်ဖြေရေးဝင်ပါတော့ ရွာမှာအစစအရာရာဦးဆောင်လုပ်ပေးတဲ့ ဦးဆွေနဲ့ဆုံကြရင်း ပိုပိုရင်းနှီးလာပြီး ဘုရားပွဲနေ့မှာပင် ဇာတ်လိုက်က ဇာတ်လိုက်မကိုဖွင့်ပြောခဲ့သည်။တစ်ရွာလုံးကလည်းသဘောတူကြပေမယ့် ဇာတ်လိုက်ရဲ့တူ ကောင်းမာန်ကတော့မပါပေ။ကောင်းမာန်ကဒီကမ်ဘာရဲ့ဗီလိန်ဖြစ်သည်။သူကသက်ထားကိုတစ်ဖက်သတ်ကြိုက်နေခဲ့တာဖြစ်ပြီး ကောင်းမာန်မြို့ကိုသွားကာကျောင်းတက်ချိန်မှာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မက ငြိသွားခဲ့တာဖြစ်သည်။ကောင်းမာန်ရွာကိုပြန်လာတော့ ထိုနှစ်ဦးရဲ့လက်ထပ်ပွဲနေ့ဖြစ်နေတော့ ကောင်းမာန်ကစိတ်တိုပြီး ပွဲကိုလာဖျက်ဆီးပေမယ့် ဇာတ်လိုက်တွေကိုယှဥ်မရခဲ့ပေ။ထို့အပြင်တစ်ရွာလုံးရဲ့မုန်းတီးခြင်းကိုခံရကာ ရွာကနေပါပြောင်းရွေ့ခဲ့ရသည်။ရိပေါ်သူဝင်ထားတဲ့ကိုယ်ကိုကြည့်တော့ သူ့နာမည်က ချစ်စောသက် ဖြစ်ပြီး သက်ထားကိုကြွေနေတဲ့လူတွေထဲကတစ်ယောက်ဖြစ်သည်။သက်ထားနဲ့စောသက်နဲ့ကငယ်သူငယ်ချင်းတွေဖြစ်ပေမယ့် စောသက်ကတော့သက်ထားကိုစိတ်ဝင်စားနေခဲ့သည်။စောသက်က ဗီလိန်တော့မဟုတ်ပေ သက်ထား ဦးဆွေနဲ့ကြိုက်နေတာကိုကြည့်ပြီး ကြည်ကြည်ဖြူဖြူသဘောတူခဲ့ပါသည်။သို့ပေမယ့် အကြောင်းအရင်းမရှိပဲ စောသက်ကသေဆုံးခဲ့သည်။

Angel SystemWhere stories live. Discover now