Arc 7.5

1K 139 31
                                    

( Unicode )
.
.
.
.

ရိုင်းဒို ဒါရိုက်တာကအတင်းစကားလာပြောနေတာမို့ အလိုက်သင့်ပြန်ပြောနေတုန်း မာ့ခ်ကီကဘယ်ရောက်သွားမှန်းမသိလိုက်။ဒါရိုက်တာစကားစကမပြတ်တာမို့ ရိုင်းဒိုထိုလူ့စကားစကိုအမြန်ဖြတ်ကာ မာ့ခ်ကီကိုလိုက်ရှာတော့သည်။

ရုဒဲကို လူတစ်ယောက်ကမင်းသားစားဖို့ပါဆိုပြီး မာ့ခ်ကီအတွက်ထမင်းဟင်းတွေလာပို့တာမို့ ဒါရိုက်တာကြီးပို့ခိုင်းလိုက်တယ်လို့တွေးလိုက်ကာ ထိုအထုတ်တွေကိုယူလိုက်သည်။အထုတ်တွေနေရာချနေတုန်း မာ့ခ်ကီထိုင်နေတဲ့နေရာကိုကြည့်တော့မာ့ခ်ကီရော ဆုမီရောမရှိကြတော့ဘူး။ရုဒဲလိုက်ရှာဖို့ပြင်နေတုန်း အနားကိုရောက်လာတဲ့ရိုင်းဒို။

"မာ့ခ်ကီရော"

"အဲ ကျွန်တော်လည်းခုပဲသွားရှာမလို့"

"မင်းကမန်နေဂျာမဟုတ်ဖူးလား"

"ဟုတ်ပါတယ်"

"မန်နေဂျာဆိုကိုယ့်မင်းသားကိုဂရုစိုက်လေ ခုလိုလူတစ်ယောက်လုံးပျောက်သွားတာတောင်မသိရအောင် မင်းကဘာလုပ်နေလို့လဲ"

ထိုလူ့ရဲ့အပြောကြောင့် ရုဒဲဒေါသထွက်ပေမယ့် စိတ်ထိန်းလိုက်သည်။ရုဒဲ ရိုင်းဒိုနဲ့ဆုမီ မာ့ခ်ကီကိုကြည့်တဲ့အကြည့်တွေကိုနားလည်တယ်။ဘယ်လိုပဲဖြစ်လာပါစေ နောက်ဆုံးမှာရုဒဲကလုပ်စရာရှိတာတော့လုပ်ရမှာပဲ ခုတော့သည်းခံရမယ်။

"နောက်မဖြစ်စေရပါဘူး ခုမာ့ခ်ကီကိုသွားရှာကြရအောင်"

"အင်း"

ရိုင်းဒို ထိုကောင်လေးရဲ့တာဝန်မကျေမှုကြောင့် စိတ်တိုပေမယ့် ရိုင်းဒိုပြောသမျှဘာမှပြန်မပြောပဲနာခံတာမို့ မာ့ခ်ကီကိုရှာဖို့သာတွေးလိုက်တော့သည်။နှစ်ယောက်လုံး မာ့ခ်ကီကိုလိုက်ရှာပေမယ့် ဘယ်မှာမှရှာမတွေ့ နောက်ဆုံးအဝတ်အစားလဲတဲ့အခန်းပဲကျန်တော့တယ်။

ရိုင်းဒိုနဲ့ရုဒဲ ထိုအခန်းကိုဖွင့်ဖို့ပြင်လိုက်တော့ အခန်းတံခါးကပွင့်လာလေသည်။

"ကလစ်"

ပွင့်လာတဲ့တံခါးနောက်မှာ မာ့ခ်ကီကိုပွေ့ထားတဲ့ဆုမီနဲ့ ဆုမီရဲ့လည်ပင်းကိုဖက်တွယ်ထားတဲ့မာ့ခ်ကီကြောင့် ရိုင်းဒိုမျက်ဝန်းတွေမီးတောက်လာရသည်။ဒါကဘာအခြေအနေလဲ နှစ်ယောက်တည်းတစ်ခန်းထဲမှာအတူတူနေပြီးထွက်လာတယ်။ထွက်လာတော့လည်း မာ့ခ်ကီကအားမရှိတဲ့ပုံနဲ့ ဟိုတစ်ယောက်ကပွေ့ပေးထားတယ်။

Angel SystemWhere stories live. Discover now