Arc 2.4

1.8K 212 0
                                    

(Unicode)

မု၊ကျန်း၊ကျူး သူတို့သုံးယောက်လုံးခေါင်းဆောင်တို့အတွဲကိုဆက်မကြည့်တော့ပဲ စခန်းသာပြန်လာလိုက်သည်။ပြန်သွားတဲ့သုံးယောက်မသိလိုက်တာက သူတို့ကိုကြည့်နေတဲ့မျက်ဝန်းတစ်စုံရှိနေတယ်ဆိုတာပင်။

မင်ဝမ်ကလေးနဲ့စကားပြောရင်းမှသိရတာက ကလေးကဒီမှာသိပ်မနေပဲမကြာခင်ဒီကထွက်သွားတော့မှာ မင်ဝမ်ဘယ်လိုတားရမလဲအကြံထုတ်နေလိုက်သည်။

"ကလေးက ဘာလို့ဟန်တိုင်းပြည်ကိုသွားချင်တာလဲ"

"ကျွန်တော်တွေ့ရမယ့်လူရှိလို့ပါ"

"ဘယ်သူများလဲ သိခွင့်ရှိမလား"

"ကျွန်တော့်ချစ်သူပါ"

ချစ်သူ ကလေးမှာချစ်သူရှိနေတာလား မရဘူးနော် ကလေးကကိုယ့်အပိုင်ပဲဖြစ်ရမှာ။

"ဘယ်လိုမိန်းကလေးမျိုးလဲ"

"သူကမိန်းကလေးမဟုတ်ဘူး ယောက်ျားလေး"

ပါးလေးတွေနီကာပြောလာတဲ့ကလေးကြောင့် မင်ဝမ်လက်သီးဆုတ်လိုက်မိသည်။ကလေးကိုယ့်ကိုထားခဲ့လို့မရဘူး ကလေးကကိုယ့်အပိုင်။ဘယ်ကောင်မှကလေးရဲ့ဆိုင်သူမဖြစ်စေရဘူး။

"ဘာဖြစ်လို့လဲရှောင်ကော ကျွန်တော့်ကိုအထင်​သေးသွားတာလား"

"ဟင့်အင်းမဟုတ်ပါဘူး ကိုယ်ကဘယ်လိုလူမျိုးက ကလေးအချစ်ကိုရတာလဲဆိုပြီးတွေးနေတာပါ"

ထိုခါကျမှ ပြုံးလာတဲ့ကလေးရဲ့အပြုံးက သူ့ရဲ့စိတ်တွေကိုအစိုးမရဖြစ်စေတယ် မဖြစ်တော့ပေ သူလုပ်စရာရှိတာအမြန်လုပ်မှဖြစ်တော့မယ်။

"ဒါဆိုကိုယ်အိမ်ပြန်လိုက်အုံးမယ် နောက်နေ့မှထပ်လာခဲ့မယ်နော်"

"ဟုတ်ကဲ့ရှောင်ကော"

သူကလေးကိုထားခဲ့ပြီး စခန်းသာပြန်လာလိုက်သည်။စခန်းရောက်တာနဲ့ သူ့အဖွဲ့သားတစ်ချို့ကိုခေါ်ကာ အစီအစဥ်တစ်ချို့ပြောလိုက်သည်။ပြီးတာနဲ့ မုကိုစာတစ်စောင်ထည့်ပေးလိုက်တော့သည်။မင်ဝမ်ကျေနပ်အားရစွာပြုံးလိုက်မိတော့သည်။

"ခနပဲစောင့်ကလေးငယ် ကိုယ့်အပိုင်ဖြစ်လာဖို့သိပ်မလိုတော့ဘူး"

Angel SystemOù les histoires vivent. Découvrez maintenant