Arc 4.1

1.7K 190 15
                                    

( Unicode)

{ရိပေါ်ကိုဒီအပိုင်းကစပြီးရွန်ဒါလို့သုံးပါတော့မယ်}

ရွန်ဒါဖရက်ခေါ်တဲ့နောက်လိုက်လာရင်း ကားတစ်စီးရှေ့အရောက်ဖရက်ကရပ်လိုက်တာမို့ ဖရက်ကိုကြည့်တော့ ကားထဲဝင်ထိုင်ဖို့မျက်စပြစ်ပြနေသည်။ရွန်ဒါကားထဲဝင်ထိုင်လိုက်တာနဲ့မောင်းသူနေရာမှာဝင်ထိုင်ကာ ရွန်ဒါအိမ်ရှိရာကိုမောင်းလာလိုက်သည်။
ဖရက်ရွန်ဒါကိုလှည့်ကြည့်ကာမေးရင်ကောင်းမလား မမေးရင်ကောင်းမလားတွေးနေမိသည်။ရွန်ဒါကိုမေးဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မမေးရဲပဲဖြစ်နေတာ ရွန်ဒါသိသွားမှာရိပ်မိသွားမှာကြောက်တယ် ရွန်ဒါသိသွားရင်သူ့ကိုသူငယ်ချင်းအဖြစ်ဆက်ထားပါ့မလား ဘာပဲဖြစ်ဖြစ်မေးလိုက်တော့မယ်။

"ရွန်ဒါ ငါမင်းကိုမေးစရာရှိတယ်"

"မေးလေ"

"မင်း.. ဟိုလေ"

"ေမးပါ ဘာမှမဖြစ်ဘူး ငါနဲ့မင်းကသူငယ်ချင်းတွေပဲကို ဘာ​မေးမှာလဲ"

"မင်းကတစ်ဦးတည်းသောသားလား"

"အေးလေ"

"ဒါဆိုမင်းမှာမောင်နှမမရှိဘူးပေါ့"

"မရှိ..အဲလေ အကိုဝမ်းကွဲတစ်ယောက်တော့ရှိတယ်"

"ဟုတ်လား"

"omm သူ့နာမည်ကကာရေးတဲ့ မင်းလိုပဲမြွေမျိုးစိတ်လေ ဒါပေမယ့်သူကမြွေဖြူ"

"ဪ..မင်းအကိုမှာရည်းစားရှိလား"

"ငါတော့မကြားမိဘူး မရှိဘူးထင်တယ်"

"omm"

"ဒါနဲ့နေပါအုံး မင်းကငါ့အကိုကိုဘာလို့မေး"

"အဲ့လိုမဟုတ်ပါဘူး မင်းအကိုအရွယ်ကရည်းစားရှိလောက်မယ်ထင်လို့"

"မင်းနော် မင်းမရိုးဘူး"

"ရိုး..ရိုးပါတယ် ဘာတွေလာပြောနေတာလဲ"

"ေအးပါ ဒါပေမယ့် ငါ့အကိုကရည်းစားရှိလာမယ်မထင်ဘူး သူကစည်းကမ်းကြီးလွန်းတော့ကြိုက်မယ့်လူမရှိဘူး"

"မင်းအကိုမှာရည်းစားရှိလာမှာပါ"

"ဟမ် မင်းဘယ်လိုသိ"

Angel SystemWaar verhalen tot leven komen. Ontdek het nu