Arc 3.5

1.6K 206 3
                                    

( Unicode)

"အစော ဟိုနေ့ကကူညီလို့်ကျေးဇူးပဲနော်"

"ဘယ်နေ့က...ဪ ဟိုဇွဲထက်ဆိုတဲ့အကိုမိတ်ဆက်တဲ့နေ့ကလား"

"ဟုတ်တယ် အဲ့နေ့ကဘာအလုပ်မှမရှိဘူးလေ နင်ကငါပြောတဲ့အတိုင်းလိုက်ပြောပေးလို့သာပေါ့"

"အသက်ရယ် အကိုဇွဲထက်ပုံကြည့်ရတာမဆိုးပါဘူး စိတ်ထားကောင်းမယ့်ပုံပါ"

"ငါ့ကိုအဝေးကိုတွန်းမပို့ပါနဲ့အစောရယ်"

"အာ အဲ့လိုမဟုတ်ပါဘူး ငါကဒီအတိုင်းပြောတာပါ"

"အင်းပါ ဒါဆိုနောက်မပြောပါနဲ့ ငါမကြိုက်လို့"

"ဟုတ်ပြီဟုတ်ပြီ မပြောတော့ဘူးနော် ငါ့အသက်ကလေးမကြိုက်ရင် ဟောဒီကအစောကမပြောတော့ဘူး"

( ဖြူလုံးရေ ငါ့ကိုယ်ငါရည်းစားရနေသလိုခံစားနေရတယ်)

( အဲ့တာ host အကြောင်းလေ ကျွန်တော်နဲ့မှမဆိုင်ပဲ)

( မင်းကဘာဖြစ်ပြန်တာတုန်း)

( ဟုတ်တယ်လေ hostကလိုမှလှမ်းပြောတာ ကျွန်တော့်ကိုစကားမပြောတာကြာပေါ့)

( အေးပါကွာ နောက်မင်းကိုပဲပြောပါ့မယ်ဟုတ်ပြီလား)

( ပြီးရော ဟွန့်)

စောသက်တော့ခေါင်းခြောက်ပြီလေ။နဂိုနေမှသက်ထားကြောင့်ရည်းစားရသလိုခံစားနေရပါတယ်ဆို စိတ်ထဲကအကောင်ကလည်းငါကသူ့ရည်းစားကျနေတာပဲ အမြဲချော့နေရတယ် မဟုတ်သေးဘူးနော် မောင်စောတို့်တော့ဟုတ်မနေဘူးတကယ်။

"ဒါနဲ့အစောငါ့ကိုခေါ်တာဘာပြောမို့လဲ"

"အေးငါမေ့နေတာ ငါဦးဆွေကိုမှာထားတဲ့စာအုပ်တွေရလောက်ပြီလေ အဲ့တာသွားယူမို့အသက်လိုက်ခဲ့ပါလား"

( ဟီးဟီး ဇာတ်လိုက်နဲ့ဇာတ်လိုက်မဆုံအောင်လုပ်ပေးရမယ်)

( ဘာလုပ်အုံးမို့လဲ hostရယ်)

( မင်းကလည်းဇာတ်လိုက်နဲ့ဇာတ်လိုက်မဆိုတာ သံလိုက်တွေလိုပဲမလား တစ်ယောက်နဲ့တစ်ယောက်မမြင်သေးလို့ပါ အကြည့်ဆုံရင်တစ်ခါတည်း fall in love သွားမှာဟွန်းဟွန်း)

Angel SystemWhere stories live. Discover now