Arc 4.7

1.5K 190 15
                                    

( Unicode)

ကာရေး ရွန်ဒါတို့အိမ်ကိုအပြေးလာမိသည်။ရွန်ဒါတို့အိမ်ရဲ့ကားမောင်းသမားပြောတာတော့ အန်ကယ်နဲ့အန်တီရယ် ရွန်ဒါရယ် သုံးယောက်လုံးကနန်းတော်မှာကျန်နေခဲ့တယ်တဲ့ ကားသမားကိုပြန်လွှတ်လိုက်တာဆိုပဲ ကားသမားက ကာရေးကိုလှမ်းပြီးအကြောင်းကြားတာမို့ ကာရေးအပြေးလာမိတော့ဧည့်ခန်းမှာငြိမ်သက်စွာထိုင်နေတဲ့ အန်ကယ်နဲ့အန်တီကြောင့်

"အန်ကယ် ဟို ကားမောင်းတဲ့သူပြောတော့နန်းတော်မှာဆို ခုကဘယ်လိုဖြစ်လို့"

"ငါ..ငါမပြောတတ်တော့ဘူး မိန်းမမင်းပဲပြောပြလိုက်"

ကာရေးကိုပြန်ဖြေပြီးတာနဲ့ သူလည်းအိမ်ပေါ်ကိုသာတက်လာလိုက်သည်။သူ့သားလေးအကြောင်းကိုသူပြောမထွက်တာမို့ မိန်းမကိုသာလွှဲပေးခဲ့လိုက်သည်။

"အန်တီ ဘာဖြစ်ကြတာလဲ နန်းတော်သွားတာဘာများဖြစ်ခဲ့လို့လဲ"

"ဟင်းးးးးအန်တီလည်းမပြောချင်တော့ပါဘူးကွယ်"

"အန်တီရယ် ပြောပြမှကျွန်တော်ကသိမှာပေါ့ အဲ့တာမှကူညီသင့်တာကူညီနိုင်မှာလေ"

"မင်းမကူညီနိုင်ပါဘူး ဟူးးးးဒီလိုသားရေ..."

သူမလည်းနန်းတော်မှာဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကိုပြော​ြပလိုက်သည်။

ကာရေးအန်တီပြောပြတဲ့စကားတွေကြောင့် ဒေါသတွေထွက်လာမိသည်။ရွန်ဒါကိုအဲ့လိုလုပ်တယ်တဲ့လား ဒါတွေအားလုံးကဖရက်နဲ့ဆိုင်တယ်ဆိုတာသူသိနေတယ်။

"အန်တီကျွန်တော်သွားစရာရှိလို့ခွင့်ပြုပါအုံး"

သူမပြောသမျှနားထောင်ပြီး ဒေါသတကြီးထွက်သွားတဲ့ တူတော်မောင်ကြောင့် သူမသက်ပြင်းသာချလိုက်မိသည်။ဒီကာရေးဆိုတဲ့ကောင်လေးက သူမရဲ့အစ်မကမွေးစားထားပေမယ့် ရွန်ဒါအပေါ်တော့ ညီအရင်းတစ်ယောက်လိုတကယ်ကိုခင်တွယ်တဲ့ကောင်လေးပင်။အားလုံးအဆင်ပြေဖို့သာဆုတောင်းမိတော့သည်။ကာရေးမဟုတ်တာတွေလျှောက်မလုပ်မိဖို့မျှော်လင့်ရတာပါပဲ။

~~~~~~~~~~~~~~

နန်းတော်......

"ကိုကို ကလေးကျောင်းသွားတက်ချင်လို့ အဲ့တာ..."

Angel SystemWo Geschichten leben. Entdecke jetzt