Arc 3.8

1.5K 186 11
                                    

( Unicode)
.
.
.
.
.
.
( hostထတော့ အခြေအနေမကောင်းတော့ဘူး)

( ဘာဖြစ်တာလဲဖြူလုံးရာ)

( hostလူကြီးကိုကယ်မှရတော့မယ်)

( ငါ့ချစ်သူကရေနစ်နေလို့်လား)

( ပေါက်ပေါက်ရှာရှာတွေမပြောပါနဲ့လားhostရယ် ဒီhostနဲ့ငါရှင်ချင်တယ်)

( အာ့ဆိုဘာဖြစ်တာလဲပြောလေ ဒီမှာအိပ်ရေးပျက်တယ်)

( hostလူကြီးကိုတစ်ရွာလုံးကမုန်းနေပြီ)

( ဟမ် သူကငါ့ကြိုက်တာလေ ဘယ့်နှယ့်တစ်ရွာလုံးကမုန်းသွားတာလဲ)

( သူကဇာတ်လိုက်မကိုမကြိုက်ပေမယ့် ခုရွာကသူ့ကိုမုန်းနေပြီ host မြန်မြန်သွား)

( အေးအေး)

~~~~~~~~~~~~

ကောင်းမာန်နိုးလာတော့ မနေ့ကအကြောင်းကိုသတိရလိုက်သည်။သူအချစ်တို့အိမ်ကိုသွားလည်ပြီးအပြန်လမ်းမှာနောက်ကနေချောင်းရိုက်တာကိုခံလိုက်ရတာပင်။သူလည်းရောက်နေတဲ့နေရာကိုကြည့်တော့ သူ့အိမ်မဟုတ်ပဲရွာအစွန်ကတဲအိမ်ပျက်ထဲမှာဖြစ်သည်။သူခေါင်းတွေအရမ်းကိုက်နေတာမို့ ခေါင်းကိုစမ်းကာ ထထိုင်လိုက်တော့ မျက်လုံးတွေပါပြာသွားတာမို့ ခနလောက်ငြိမ်နေပြီးဖွင့်ကြည့်လိုက်တော့ မယုံနိုင်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရသည်။

"ဟာ!! ဘာတွေဖြစ်ကုန်တာလဲ"

သူရေရွတ်နေတုန်း သူနဲ့တစ်ကုတင်တည်းမှာအိပ်နေတဲ့မိန်းမကထလာတော့သည်။

"ဟင် ရှင်..ရှင်လူယုတ်မာ ဟင့်"

"မဟုတ်ဘူးနော် ငါမဟုတ်ဘူး"

"ဘာမဟုတ်တာလဲ အင့် ဟင့်"

မျက်ရည်တွေကျကာပြောလာတဲ့အမျိုးသမီးကြောင့် ကောင်းမာန်ခေါင်းထဲမိုးကြိုးပြစ်ချလိုက်သလိုပင်။သူ့ကိုယ်သူယုံတယ် သူက ကလေးငယ်မဟုတ်ရင် အသိစိတ်ပျောက်ရင်တောင်ထိမှာမဟုတ်ပေ။သူကသူ့ကလေးငယ်ရဲ့အနံ့ကိုမှတ်မိတယ်။

"ဒီမှာ ကျွန်တော်လုပ်တာမဟုတ်ဘူး"

"ရှင်မဟုတ်လို့ဘယ်သူဖြစ်ရမှာလဲ ဒီမှာရှင့်ကိုယ်ရှင်လည်းပြန်ကြည့်အုံး"

Angel SystemWhere stories live. Discover now