Arc 6.4

1.1K 159 14
                                    

( Unicode)

နန်းတော်ရဲ့ခန်းမဆောင်တစ်ခု အတိအကျပြောရလျှင် ဘုရင်မကြီးအယ်လီနာ အနားယူရာစာဖတ်ခန်းထဲတွင်ဖြစ်သည်။

"ဘုရင်မကြီး မင်းသားနဲ့မင်းသမီးကိုရှာမတွေ့ကြောင်းပါ"

ကုလားထိုင်ပေါ်ကျက်သရေရှိစွာထိုင်နေပြီး မျက်ဝန်းတို့ကစာအုပ်ကိုသာတစိုက်မတ်မတ်ဦးတည်ထားသူက လာလျှောက်တင်တဲ့သူကိုအဖြေပြန်ပေးလိုက်လေသည်။

"စာတွေဘာတွေရောတွေ့လား"

"တွေ့ပါတယ် ဒီမှာပါ"

စာအုပ်ပေါ်အာရုံစိုက်ထားတဲ့မျက်ဝန်းတွေက ကမ်းပေးလာတဲ့စာရွက်ခေါက်လေးအပေါ်ရောက်ရှိသွားပြန်သည်။

"မင်းသွားလို့ရပြီ"

"ဟုတ်ကဲ့"

တံခါးပိတ်သံနောက်မှာကုလားထိုင်ပေါ်ကအမျိုးသမီးကခပ်အေးအေးပင်ပြောလိုက်သည်။

"နမ်စီကာ မင်းဘယ်ကိုလှမ်းနေလဲ အဲ့ခြေလှမ်းတွေပြန်ရှုတ်လိုက်ရင်ကောင်းမယ်သမီးလေး"

ထိုအမျိုးသမီးကသူမလက်ထဲကစာရွက်အပိုင်းလေးကိုချကာ ဖတ်လက်စစာအုပ်ကိုပြန်ကောက်ကိုင်လိုက်သည်။မျက်ဝန်းထဲမှာ မိခင်တစ်ယောက်ရဲ့အလိုမကျမှုတွေအထင်းသားပေါ်ဟပ်နေပြန်သည်။

~~~~~~~~~~~~~~~

"မမရွန်.....သားလာတယ်"

သင်ဘောပေါ်မှာနေ့တိုင်းတွေ့နေရတာကို မသိရင်ခုမှတွေ့ရသလိုပုံစံမျိုးနဲ့ အပြေးလာဖက်နေတဲ့လာအိုးကြောင့် ရွန်မီရီချလိုက်သည်။

"ငါ့မောင်လေးကတော့ ခုအရွယ်အထိချွဲနေတုန်းပဲ မမရွန်ကိုဖက်ထားတာခနလွှတ်ပေးအုံး ဟိုမှာတွေ့လား မမအကောင်လေးလာနေပြီ"

မမရွန် ညွှန်ပြရာကြည့်လိုက်တော့ မမရွန်မွေးထားတဲ့ငှက်ကလေးက မမရွန်ဆီပျံသန်းလာနေသည်။

"အဲ့တာဘာဖြစ်လဲ သူလာတာနဲ့သားကနေရာဖယ်ပေးရမှာလား မရဘူးေနာ်"

"ကဲပါ ခနလေးပါဆို နော် ခနပဲ"

"ဟုတ်ပါပြီ သူ့ငှက်ပဲဂရုစိုက်နေ ဟွန့်"

စိတ်ဆိုးနေတဲ့မောင်လေးကိုပြီးမှချော့လိုက်တော့မယ် ခုတော့ သူ့ရဲ့မီမီလေးဆီကသတင်းစကားကိုအရင်နားထောင်ရမယ်။

Angel SystemWhere stories live. Discover now