Arc 4.8

1.5K 173 13
                                    

( Unicode)

ကာရေး ငယ်လေးရဲ့အပြောကြောင့် အမြန်ပြေးထွက်လာပေမယ့် ဆိုင်ရှေ့မှာဖရက်ကိုရှာလို့မတွေ့တော့ပေ။သူလည်းအမြန်ပင် ထိုနေရာကမောင်းထွက်ကာ ဖရက်သွားတတ်တဲ့နေရာတွေလိုက်ရှာမိသည်။ဟုတ်တယ် ကာရေးကဖရက်သွားတတ်တဲ့နေရာတွေသိနေတယ် ဘာလို့လဲ ကာရေးကဖရက်ကိုချစ်နေလို့်ပေါ့ သူဒီကောင်လေးကိုချစ်ပါတယ် အဲ့ကောင်လေးရဲ့ မိဘတွေကိုကာရေးမုန်းတယ် ဒါကြောင့်မို့ထိုကောင်လေးကိုလည်းပြစ်ပြယ်ထားခဲ့တာ သူ့နှလုံးသားကလက်ခံပေမယ့် သူ့ဦးနှောက်ကလက်မခံနိုင်ခဲ့ဘူး။ဖရက်ကိုမုန်းတယ်လို့ကိုယ့်စိတ်ကိုယ်ညာနေခဲ့ပေမယ့် အဲ့ကောင်လေးနောက်ကိုလိုက်နေတတ်တာလည်းကာရေးပါပဲ ဒါတွေထိုကောင်လေးမသိဘူး ဖရက်ဘာကြိုက်တယ် ဘာတွေလုပ်တတ်လဲ သူအကုန်သိတယ်။ဖရက်က ငယ်လေးအိမ်အမြဲသွားနေတာသိရတော့ သူ့စိတ်တွေဘယ်လိုမှဆောက်တည်ရာမရခဲ့ဘူး ကာရေးမနေနိုင်တာနဲ့ငယ်လေးအိမ်ကိုလိုက်လာမိတော့ ငယ်လေးကိုကျောင်းသွားဖို့လာခေါ်တဲ့ထိုကောင်လေးနဲ့တိုးနေပြန်ရော အလိုမကျသလိုဖြစ်သွားရပြီး တစ်ဖက်မှာလည်းဝမ်းနည်းမိပြန်တယ် ဖရက်ကငယ်လေးကိုချစ်နေတာလားဆိုပြီးတွေးပူရတာလည်းဒီကလူပါပဲ ငယ်လေးနဲ့စကားပြောနေပေမယ့် ထိုကောင်လေးကိုပဲကြည့်နေမိတာကိုယ့်ကိုယ်ကိုအသိဆုံး ငယ်လေးကကာရေးကိုလာဖက်တော့ မျက်နှာပျက်သွားတဲ့ကောင်လေးကြောင့် ကာရေးနှလုံးခုန်သံတွေမြန်လာရတယ် တကယ်ကြီးဖရက်ကငယ်လေးကိုစိတ်ဝင်စားနေတာလားဆိုပြီး ကာရေးစိတ်တွေထိန်းမရတော့ နှလုံးခုန်နှုန်းတွေမြန်ကာချွေးစေးတွေထွက်နေတဲ့သူ့ကိုဖက်ထားတဲ့ငယ်လေးသတိထားမိသွားမှာစိုးတာနဲ့ အမြန်ခွာထုတ်ခဲ့ရသေးတယ်။ငယ်လေးကိုခေါ်ပြီး ကျောင်းကိုပို့ပေးပြန်တော့ ကားပေါ်ရောက်ရောက်ခြင်း ငယ်လေးကဖရက်အကြောင်းတွေသာပြောနေတာမို့ ဒေါသတွေထွက်လာမိသည်။ငယ်လေးကပါထိုကောင်လေးကိုစိတ်ဝင်စားနေပြီလားဆိုတာတွေးမိတာနဲ့တင်ပူလောင်ရပါတယ် ဒါကြောင့်ငယ်လေးကိုမပြောဖို့ပြောပေမယ့် ဆက်ပြောနေတဲ့ငယ်လေးကြောင့်ဒေါသထွက်ကာအော်လိုက်မိသည်။အဲ့နေ့က ကာရေးလုံးဝကိုအဆင်မပြေခဲ့တဲ့နေ့တစ်နေ့ပါပဲ။ခုတော့ထိုကောင်လေးက ကာရေးမရှိတဲ့အရပ်ကိုသွားတော့မယ်တဲ့ အဲ့လိုတော့အဖြစ်မခံနိုင်ပါ ထိုကောင်လေးမရှိရင်ကာရေးရူးရလိမ့်မယ် ကာရေးရဲ့အမုန်းတွေနဲ့တားဆီးနေတဲ့ချစ်ခြင်းတွေကိုဖွင့်ပြောလိုက်တော့မယ်။(အပေါ်ကအကြောင်းအရာတွေက arc4.2 မှာနော် မမှတ်မိကျမှာစိုးလို့)

Angel SystemWhere stories live. Discover now