Arc 7

1K 138 8
                                    

( Unicode)

"မာ့ခ်ကီ ဘာတွေတွေးနေတာလဲ"

"ဟမ်"

ရိပေါ်ဒီကမ်ဘာထဲရောက်တာနဲ့ မာ့ခ်ကီလို့အခေါ်ခံရပြီး လာမေးနေတဲ့သူကိုကြည့်လိုက်တော့ အရမ်းကိုချောတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ချောတယ်ဆိုတာထက် အရမ်းလှတဲ့ကောင်လေးလို့ပြောရမလိုပင်။

လောလောဆယ်အခြေအနေကိုနားမလည်တာမို့အလိုက်အထိုက်နေဖို့ဆုံးဖြတ်လိုက်သည်။

"ဘာမှမတွေးပါဘူး"

"ဒါဆိုလည်းမင်းဂျူတီအချိန်ရောက်ပြီ သွားစစ်ဆေးလိုက်အုံး တော်ကြာဆေးရုံအုပ်ကပွားနေမယ်"

"okok ငါသွားပြီ"

ရိပေါ်ထိုကောင်လေးကိုနှုတ်ဆက်ပြီး အခန်းထဲကထွက်လာလိုက်တော့ ဆရာဝန်နဲ့သူနာပြုတွေအများအပြားတွေ့လိုက်တာမို့ ကြောင်တောင်တောင်နဲ့ကြည့်လိုက်မိသည်။

အခုကရိပေါ်ဆေးရုံရောက်နေတာလား။ဟိုကောင်လေးပြောတာဂျူတီဆိုတော့....။မဟုတ်ပါစေနဲ့လို့ဆုတောင်းရင်း ကိုယ့်ကိုယ်ကိုငုံ့ကြည့်လိုက်တော့ ဆရာဝန်ကုဒ်ကြီးနဲ့ဖြစ်နေလေသည်။ဘေးနားကဖြတ်သွားတဲ့သူတွေကလည်း ဆရာလို့နှုတ်ဆက်သွားတာမို့ သေချာပြီ ရိပေါ်ကဆရာဝန်ပဲ။

ဘေးနားမှာရှိတဲ့သူနာပြုတစ်ယောက်ကို လှမ်းမေးလိုက်သည်။

"ဒီမှာ ငါကဘယ်သူလဲ"

"ဒေါက်တာက ဒေါက်တာလေ"

"ငါတကယ်ပဲဆရာဝန်လား"

"ဟု..ဟုတ်ပါတယ်"

"အားးးးးးးး"

"ဆရာ ဆရာဘာဖြစ်လို့လဲ"

ရိပေါ်ကိုစိုးရိမ်တကြီးလာမေးနေတဲ့သူနာပြုကြောင့် ရိပေါ်ထိုသူနာပြုကိုပြန်ကြည့်လိုက်သည်။ထိုသူနာပြုကလည်း ရိပေါ်ကိုနားမလည်သလိုကြည့်နေပြီး အနီးအနားကလူတွေကပါဝိုင်းကြည့်နေတာမို့ ရိပေါ်ထိုနေရာကအမြန်ပြေးလာလိုက်သည်။

ဆေးရုံရဲ့အရေးပေါ်ထွက်ပေါက်ဆီဦးတည်ကာထွက်လာလိုက်သည်။ရောက်တာနဲ့ အရေးပေါ်ထွက်ပေါက်ရဲ့တံခါးကိုပိတ်ပြီး လှေကားထစ်မှာထိုင်ချကာ ဖြူလုံးကိုခေါ်လိုက်သည်။

Angel SystemWhere stories live. Discover now