Arc 1.7

2.4K 266 18
                                    

( Unicode)

ရိပေါ်တစ်ယောက်သူ့ကိုမျက်စောင်းခဲကာဟိုဘက်လှည့်သွားတဲ့ဖြူလုံးကိုအရေးစိုက်မအားသေး အလုပ်နောက်ကျတော့မယ်လေ ရိပေါ်လည်းအမြန်ပြင်ဆင်လိုက်တော့သည်။

အားလုံးပြီးတာနဲ့သူ Zeus club ကိုထွက်လာလိုက်သည်။( Zeus club က arc 1.1မှာပါပါတယ် ဒီနေရာမှာ Zeus ကိုတိမ်တိုက်လို့ဘာသာပြန်ပါ့မယ်)

Zeus ဆိုတာနာမည်နဲ့လိုက်အောင်လွှင့်ချင်ရာလွှင့်လို့ရတဲ့နေရာကောင်းတစ်ခုဖြစ်သည်။Zeus မွာမရတာမရွိ ဆေးလား လူလား ကြိုက်တာခေါ်လို့ရသည်။
Zeusရဲ့ပိုင်ရှင်ကိုတော့ ဆိုင်မန်နေဂျာကလွဲမည်သူမှမမြင်ဖူးကြချေ။

ရိပေါ် Zeus မှာအလုပ်လုပ်တာ ၂ လပြည့်တော့မည်ဖြစ်သည်။ဒီကလပ်ကလိုတရပေမယ့် ဝန်ထမ်းတွေကတော့အခွင့်အထူးခံလူတန်းစားလိုပဲ ကာကွယ်မှုအပြည့်အဝရရှိထားတာမို့ တကယ်ကိုလုံခြုံတာပင်။ဒီလိုကလပ်မျိုးမှာ ရိပေါ်ကိုလုပ်ကြံမယ့်ဇာတ်လိုက်မကို double amazing ပါပဲ သူမဘယ်လိုတွေးလိုက်လဲမသိပေမယ့် ရိပေါ်ကတော့ဇာတ်လိုက်မလုပ်မယ့်အစီအစဉ်ကိုသိချင်နေပြီဖြစ်သည်။

~~~~~~~~~~~~~~~~~

ကျင်းဟိုင်ဒီနေ့ကလပ်ကိုဘာလုပ်ငန်းတွေ့ဆုံမှုမှမရှိပဲပထမဆုံးအနေနဲ့သွားဖို့ဆုံးဖြတ်လိုက်သည်။ပုံမှန်ဆိုကိုယ်ပိုင်တဲ့ကလပ်မှာဂိုဏ်းအချင်းချင်းလဲလှယ်မှုတွေလုပ်ရုံလောက်သာသွားဖြစ်သည်။ဒီနေ့တော့ ကောကိုပါခေါ်ကာအပြတ်ကဲဖို့ဆုံးဖြတ်လိုက်သည်။

ကျင်းဟိုင် ကလပ်ရောက်တာနဲ့သူ့ကိုင်ပိုင်အခန်းကိုသာသွားလိုက်တော့သည်။ဘာရယ်မဟုတ်ပဲတစ်ဖက်က စားပွဲကိုအကြည့်ရောက်မိတော့ သူ့ခြေလှမ်းတွေရပ်တန့်သွားသည်။ဘေးနားကသက်တော်စောင့်ကကျင်းဟိုင်ရပ်လိုက်တာနဲ့ ကျင်းဟိုင်ကြည့်နေရာကိုလိုက်ကြည့်ကာပြောတော့သည်။

"သခင်လေး သူ့ကဒီကဝိတ်တာပါ အမှတ်စဉ်တစ်မှာရပ်တည်နေတဲ့သူပါ သူ့ရဲ့လုပ်ကိုင်မှုတွေကြောင့် ဝန်ထမ်းအားလုံးထဲမှာထိပ်ဆုံးရောက်နေသူပါ"

"အမှတ်စဉ်တစ်ဟုတ်လား သူ့နာမည်ဘယ်သူလဲ"

"ဝမ်ရိပေါ်ပါ သခင်လေးလိုချင်ရင်ကျွန်တော်ခေါ်ပေးပါ့မယ် သူကအဲ့တာမျိုးတွေလက်မခံပေမယ့်ကျွန်တော်ရအောင်စီစဉ်ပေးပါ့မယ်"

Angel Systemजहाँ कहानियाँ रहती हैं। अभी खोजें