Arc 2.7

1.7K 207 3
                                    

( Unicode)

မုရန်မှော်ရုံတောရဲ့ဂူထဲကိုရောက်ရောက်ချင်း နတ်ဆရာမကြီးကိုပြောတော့သည်။

"ကျွန်မဆေးကိုဒီနေ့လိုချင်တယ်"

"ဒီနေ့လိုချင်တယ်ဆို အဖွားမြေးဝိဉာဥ်လေးကိုအဖွားကိုပေးပါ"

"ကောင်းပြီလေ ကျွန်မလက်ထဲဆေးရောက်တာနဲ့ပေးမယ်"

"ဆေးကဒီမှာပါ အဖွားအဆင်သင့်ဖြစ်အောင်ပြင်ထားပါတယ်"

"မဆိုးဘူး ခန့်မှန်းရက်ထက်ပိုမြန်အောင်ဖော်နိုင်တာပဲ ဒီမှာပုလင်း"

သူမလက်ထဲ မြေးလေးဝိဉာဥ်ထည့်ထားတဲ့ပုလင်းကိုပေးကာ အမြန်ထွက်သွားသောချင်မုရန်ကိုကြည့်ပြီး သူမခေါင်းသာခါမိတော့သည်။ဟန်မင်းကြီးကံကောင်းပါစေလို့သူမဆုတောင်းပါတယ်။

~~~~~~~~~

မိဖုရားချင်အဆောင်တော်...

"မိဖုရားခုပဲမင်းကြီးဆီသွားမလား"

"မလိုဘူး မနက်ဖြန်ထိမ်းမြားတဲ့ပွဲပြီးမှမင်းကြီးနဲ့တွေ့မယ်"

ဟုတ်တယ် သူမအစီအစဥ်ပြောင်းလိုက်ပြီ မုရန်အစက မိမိလက်ထဲဆေးကအသင့်မရှိတာမို့မမှီမှာစိုးရိမ်နေတာ ခုလိုဆေးကရှိနေပြီဆိုတော့ လောစရာမလိုပေ ချင်အန်းကိုထိမ်းမြားခွင့်ပေးလိုက်ပြီးမှ ဟန်ယွဲ့ရုံကိုဆေးခတ်လိုက်ရင် ချင်အန်းအတွက်ကလုံးဝကိုကံဆိုးမှုဖြစ်သွားမှာလေ။

~~~~~~~~~~~~~~~~

ထိမ်းမြားလက်ထပ်ပွဲနေ့

ချင်အန်းက နိုးလာလာခြင်းဘာမှမသိပဲ ဝတ်ရုံတွေအဝတ်ပေးခံနေရသည်။နောက်ပြီးသူမမေ့ခင်သူ့ကိုလာဖက်တာဘယ်သူကြီးတုန်း။

( ဖြူလုံး ငါအခုဘယ်ရောက်နေတာလဲ)

( hostကအခုဟန်နန်းတော်ထဲမှာပါ)

( ဘယ်လိုဖြစ်ပြီးရောက်နေတာလဲ နောက်ပြီးဒီဝတ်ရုံနီနီတွေကဘာလုပ်ဖို့လဲ)

( hostကိုဟန်ယွဲ့ရုံကဖမ်းခေါ်လာတာပါ ဒီနေ့က host နဲ့သူနဲ့လက်ထပ်မယ့်နေ့ပါ)

( မဖြစ်ဘူး နဂိုနေမှ ငါလူကြီးမဟုတ်တဲ့ထန်မင်းကြီးလက်ထပ်ရမှာစိတ်ညစ်နေပါတယ်ဆို လူကြီးကလည်းဘယ်ရောက်နေမှန်းမသိဘူး ဟင့်)

Angel SystemWhere stories live. Discover now