Arc 3.10 end

1.6K 191 4
                                    

( Unicode)

"သား အမေဝင်ခဲ့မယ်နော်"

"ဟုတ်အမေ"

ေကာင်းမာန်အခန်းထဲအိပ်နေတုန်း အမေဖြစ်သူကခေါ်လာတာမို့ တံခါးထဖွင့်ပေးလိုက်သည်။

"ငါ့သားရယ် အမေကိုယ်တိုင်ဖွင့်ဝင်လို့ရပါတယ်"

"မဟုတ်တာ အဲ့တာအသာထား အမေသားကိုဘာပြောမို့လဲ"

"မနက်ဖြန်သားလက်ထပ်ရမယ့်နေ့နော်"

"ဟုတ်ကဲ့ သားသိပါတယ်"

သူမကိုအပြုံးမပျက်ပြန်ပြောနေတဲ့သားကြောင့် သူမမျှော်လင့်ထားတာတွေပျက်ပျယ်ကုန်ပြီလားလို့တွေးနေမိသည်။သူမသားကမောင်စောကိုမချစ်တော့တာများလား ဟိုနေ့ကပြောတော့အေးမာနဲ့ကလုပ်ကြံခံရတာဆိုပြီး ခုကျတော့အေးအေးဆေးဆေးဖြစ်နေပါ့လား မနက်ဖြန်ပဲအေးမာနဲ့လက်ထပ်ရတော့မှာကိုလေ။

"ငါ့သားမနက်ဖြန်သားလက်ထပ်ရမှာနော် ဘယ်လိုမှမနေဘူးလား"

"ဟင့်အင်း သားဘာမှမဖြစ်ပါဘူး"

"အေးပါကွယ် ငါ့သားဘာမှမဖြစ်ရင်ပြီးတာပါပဲ ဒါဆိုအမေအိပ်တော့မယ်"

"ဟုတ် ကောင်းကောင်းသွားပါဗျ"

ထွက်သွားတဲ့အမေ့ကိုကြည့်ကာစိတ်မချမ်းသာပေမယ့် အမေ့ကိုစိတ်မဆင်းရဲစေချင်လို့မပြောပဲထားထားလိုက်တာပင်။ခုလိုလုပ်လိုက်တာမှားသွားပြီလားလို့တွေးမိပေမယ့်လည်း အမေ့ကိုပြောရင်လည်းအမေပိုစိတ်ရှုပ်ကုန်မှာ ဘာလို့ဆိုအမေ့ရဲ့မောင်က သူ့သားဖြစ်သူကိုလုပ်ကြံသူဆိုတာသိရင် အမေဘယ်လိုမှနေနိုင်မှာမဟုတ်ဘူး။မနက်အတွက်အားမွေးထားပါအမေ သားကြိုတောင်းပန်ပါတယ်။

~~~~~~~~~~~~~

စောသက်အိမ်...

ညကြီးမိုးချုပ်စောသက်အိမ်ကိုရောက်လာတဲ့သူနှစ်ယောက်၊ ထိုနှစ်ယောက်ကတံခါးခေါက်လိုက်တာနဲ့ လာဖွင့်ပေးတဲ့သူတစ်ယောက်ရှိနေသည်။ထို့နောက် ရောက်လာတဲ့နှစ်ယောက်ကိုအိမ်ထဲခေါ်ကာ စားပွဲတစ်ခုမှာဝိုင်းထိုင်လိုက်ကြသည်။ထိုစားပွဲမှာ ယောက်ျားသုံးယောက် မိန်းကလေးတစ်ယောက်ရှိနေသည်။

Angel SystemWhere stories live. Discover now