Arc 3.7

1.5K 195 5
                                    

( Unicode)

ကောင်းမာန် ဦးဆွေကိုထားခဲ့ကာ အစောတို့အိမ်ကိုလိုက်သွားလိုက်သည်။ဟိုရောက်တော့အစောက သတိမရသေးပေ။

"ကိုမင်းမင်း အချစ်ကခုထိသတိမရသေးဘူးလား"

"အေး နေပါအုံးဘာကိုအချစ်တုန်းမောင်စောကိုအချစ်လို့ခေါ်လိုက်တာလား"

"ဟုတ်တယ်လေ"

"ဘာဖြစ်လို့အဲ့လိုခေါ်တာလဲ"

ကိုမင်းမင်းရဲ့အမေးကို ကောင်းမာန်တစ်ယောက် သက်ထားကိုမျက်စောင်းထိုးကာ အဖြေပေးလိုက်သည်။

"သူများတွေတောင် ချစ်စောသက်ကို 'အစော'လို့ခေါ်သေးတာပဲ ကျွန်တော်လည်းရှေ့ဆုံးကချစ်ကို 'အ'တတ်ခေါ်လိုက်တာလေ 'အချစ်'လို့ "

"မင်းဟာကလည်းမဟုတ်သေးပါဘူး"

သူတို့နှစ်ယောက်စကားပြောနေတုန်း သက်ထားကစောသက်အနားကိုတိုးကာ နဖူးကိုလက်နဲ့စမ်းဖို့ကြိုးစားလိုက်ပေမယ့် သူမလက်ကိုဖယ်ချလာတဲ့ကောင်းမာန်

"သက်ထားအိမ်ပြန်လိုက်ပါ မင်းအိမ်ကထွက်လာတာကြာပြီမလား"

ကောင်းမာန်ရဲ့အပြောကို မင်းမင်းကဝင်ထောက်ခံလေသည်။

"ဟုတ်တယ်သက်ထား မင်းအိမ်ကလူတွေစိတ်ပူနေလိမ့်မယ် ပြန်လိုက်ပါ"

"ဒါပေမယ့် အစော..."

"အချစ်ကိုငါဂရုစိုက်ပေးမှာမို့ မင်းစိတ်မပူပါနဲ့ ငါတို့ကယောက်ျားလေးချင်းဆိုတော့ပိုအဆင်ပြေတယ်"

"ဟုတ်ပါတယ်သက်ထားရယ် ပြန်လိုက်ပါနော်"

"ဟုတ်ကဲ့ဒါဆိုညီမပြန်ပြီ အကိုမင်းနဲ့အကိုကောင်းမာန်"

"အေးပါ ကိုမင်းမင်း သက်ထားကိုခြံရှေ့ထိလိုက်ပို့ပေးလိုက်ပါ"

"အွန်း လာလေသက်ထား"

"ဟုတ်"

စောသက်ကိုစိတ်မချသလိုလှည့်ကြည့်ကာထွက်သွားတဲ့သက်ထားကိုဂရုစိုက်မနေပဲ ကောင်းမာန် အချစ်ရဲ့လက်ကိုကိုင်ပြီးစကားတွေပြောလိုက်သည်။

"ကိုယ်ကလေးငယ်ကိုမကာကွယ်နိုင်တာမဟုတ်ပါဘူး ဟင့်"

မျက်ရည်တွေကျကာ ငိုယိုပြီးပြောနေမိသည်။ကလေးငယ်မကြားလည်းရတယ် အဓိကက ကလေးငယ်ကိုရက်ရက်စက်စက်ဆက်ဆံခဲ့တာသူမဟုတ်ဖူးဆိုတာရှင်းပြချင်နေတာပင်။

Angel SystemOn viuen les histories. Descobreix ara