Arc 7.1

1.2K 157 34
                                    

( Unicode)
.
.
.

{ ရိပေါ်ကိုဒီအပိုင်းကစပြီး မာ့ခ်ကီလို့သုံးပါတော့မယ် }

မာ့ခ်ကီ သူ့ကိုရှာနေတဲ့ရုဒဲဆီသွားကာ အကျိုးအကြောင်းပြောပြီး ဆေးရုံအုပ်ဆီထွက်လာလိုက်သည်။မာ့ခ်ကီအနေနဲ့ နောက်နေ့ထိမရွေ့ဆိုင်းချင်ပါ ဒီနေ့ပဲထွက်စာတင်ရမယ်။

ဇာတ်လိုက်မကဘယ်အချိန်လာမယ်ဆိုတာမပြောနိုင်တာမို့ နေ့တွင်းချင်းပဲထွက်စာတင်ဖို့ဆေးရုံအုပ်ဆီသွားကာတောင်းဆိုလိုက်သည်။

"သေချာပြန်စဥ်းစားပါအုံး ဒေါက်တာရယ်"

"ကျွန်တော်ခုလိုလုပ်ဖို့လတွေအများကြီးအချိန်ယူပြီးပါပြီ ကျွန်တော့်ကိုထွက်ခွင့်ပြုပါ"

( hostလူလိမ် ခုမှဒီကိုယ်ထဲရောက်ဖူးတာကိုများ)

( ဒါကိုလိမ်တယ်လို့မခေါ်ဘူး အခြေအနေအလိုက်သုံးနှုန်းတယ်လို့ခေါ်တယ်)

( ဟမ့်)

"ကောင်းပါပြီ ဦးတို့အနေနဲ့ ဒေါက်တာလိုဆရာဝန်မျိုးကိုမဆုံးရှုံးချင်ပါဘူး ဘယ်တတ်နိုင်မလဲ ဒေါက်တာကမှမနေချင်တော့တာ ဦးဒီထွက်စာကိုလက်ခံလိုက်ပါ့မယ်"

"ကျေးဇူးပါဗျ"

"ဒေါက်တာပြန်လာမယ်ဆို ဒီဆေးရုံကအမြဲကြိုဆိုတယ်နော် ကြိုက်တဲ့အချိန်အလုပ်ပြန်ဝင်ပါ"

"ဟုတ်ကဲ့ ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါ"

မာ့ခ်ကီထိုရုံးခန်းထဲကထွက်လာပြီး အပြင်ရောက်တာနဲ့ လက်သီးလက်မောင်းတန်းလိုက်သည်။

( yes ထွက်စာတင်လိုက်ပြီကွ ဟားဟားဆရာဝန်မဟုတ်တော့ဘူး)

( ဆရာဝန်မလုပ်ရလို့ပျော်နေတဲ့သူကhostပဲရှိမယ်ထင်တယ် သူများတွေများဆရာဝန်ဖြစ်ဖို့စာတွေကုန်းကျက်ခဲ့ရတာ)

( မင်းဘယ်လိုသိလဲ)

( ဟင် ဘာကို? )

( သူတို့ကုန်းကျက်တာလေ)

( host!! )

( ခင်မျ)

( အားးးမကောင်းဝူး hostကကောင်းကိုမကောင်းဘူး)

( ငါကောင်းတာငါ့လူကြီးသိတယ်)

( host! တော်ပြီ hostကိုမခေါ်ဘူး)

Angel SystemOn viuen les histories. Descobreix ara