Arc 2.1

2.2K 229 27
                                    

( Unicode)

{ဒီအပိုင်းကစပြီး ရိပေါ်ကိုချင်အန်းလို့သုံးပါတော့မယ်}

ချင်အန်းမျက်လုံးဖွင့်ကြည့်တော့ သူ့ကိုမက်တပ်ရပ်ပြီးကိုယ်ကိုကိုင်းကာကြည့်နေတဲ့အမျိုးသားတစ်ယောက် ဆံပင်တွေအားလုံးကိုနောက်မှာစုစည်းထားပြီး ညာဘက်မှာကျစ်ထားတဲ့ဆံပင်ဘေးကိုချထားသေးသည်။ဖြောင့်တန်းနေတဲ့မျက်ခုံးအောက်မှာမှစူးရဲတောက်ပတဲ့မျက်ဝန်းနီတစ်စုံ မျက်တောင်တွေကလည်းရှည်းလျားလွန်းပုံများစွဲမက်ဖွယ်ကောင်းလှသည်။နှာခေါင်းချွန်ချွန်လေးရှိပြီး တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကတစ်စုံတစ်ယောက်ကိုသတိရစေတယ်။ခြုံကြည့်ရရင်ချင်အန်းရှေ့ကလူက ယောက်ျားပီသပြီးအရမ်းကိုချောတယ်ဆိုတာပဲ။

ချင်အန်းဘယ်လောက်ငေးနေမိလဲမသိ ထိုလူကခေါ်မှသတိကပ်တော့သည်။

"ဟေ့ ကလေးကြည့်လှချည်လား"

"မကြည့်ပါဘူး"

"အဟား ဟုတ်ပါပြီကွာ ကလေးကဘယ်လိုလုပ်ဒီတောထဲရောက်လာတာလဲ"

"ဒီမှာ ကျုပ်ကလေးမဟုတ်ဘူး အရွယ်ရောက်ပြီးသားယောက်ျားပျိုတစ်ယောက်ဆိုတာမမြင်ဘူးလား"

"မြင်တော့မြင်ပါတယ် ဒါပေမယ့်..."

ဆိုကာ အောက်ပိုင်းကိုလာကြည့်နေတဲ့လူကြောင့်

"ဟေ့လူ ဘယ်တွေလာကြည့်နေတာလဲ"

"ဪ ကိုယ်ပြောချင်တာက အရပ်ပုနေတယ်လို့"

"ကျုပ်ကပုတာမဟုတ်ဘူး ခင်များကိုကရှည်နေတာဟွန့်"

သူ့ကိုနှာမှုတ်ကာဟိုဘက်လှည့်သွားတဲ့ကလေးကြောင့် ထပ်မစတော့ပဲစကားလမ်းကြောင်းလွဲလိုက်တော့သည်။

"ကိုယ်မေးတာဖြေအုံးလေ ဒီတောထဲဘယ်လိုရောက်နေတာလဲလို့"

"ကျွန်တော်ဓားပြတိုက်ခံရလို့ ပြေးရင်းနဲ့ရောက်လာတာ"

"ဒါဆိုရင်တော့ ကလေးပြေးတဲ့နေရာမှားရွေးမိပြီပဲ"

"ဘ...ဘာဖြစ်လို့လဲ ဟင်"

သူ့ကိုစိုးရိမ်တကြီးကြည့်ကာပြန်ပြောလာတဲ့ကလေးကြောင့် သူကဓားပြခေါင်းဆောင်ပါလို့ဘယ်လိုလုပ်ပြောထွက်တော့မှာလဲ။

Angel SystemWhere stories live. Discover now