Arc 6

1.3K 164 9
                                    

( Unicode)

"ခေါင်းဆောင် ကျွန်တော်ခေါင်းဆောင်ခိုင်းတာအကုန်လုပ်ပြီးသွားပါပြီ"

ရိပေါ်ရောက်ရောက်ခြင်း သူ့ကိုခေါင်းဆောင်လို့လာခေါ်နေတဲ့လူတစ်ယောက်ကြောင့် ကြောင်တောင်တောင်နဲ့လာပြောတဲ့လူကိုခေါင်းငြိမ့်ပြလိုက်သည်။

ထိုသူထွက်သွားမှ ရိပေါ်ရောက်နေရာကိုကြည့်တော့ ပတ်ပတ်လည်ရေတွေဝိုင်းနေတဲ့ပင်လယ်ကြီးထဲမှာ။ Wtf ဘယ်လိုလုပ် သင်ဘော(ship)ပေါ်ရောက်နေရတာလဲ။သူတွေးလို့တောင်မဆုံးသေး သင်ဘောအောက်ထပ်ကလူတွေရဲ့အော်သံကိုကြားလိုက်ရသည်။

"ခေါင်းဆောင် ရှေ့မှာအရာရှိသင်ဘောတစ်စီး"

ရိပေါ်ကြည့်လိုက်တော့ သင်ဘောတစ်ခုလုံးပျက်စီးပြီး ရေအောက်ကိုတဖြေးဖြေးနစ်မြုပ်နေသည်။ကိုယ်နဲ့မဆိုင်တာမို့ ဝင်မပါဖို့ဆုံးဖြတ်လိုက်ပေမယ့် လက်အောက်ငယ်သားတစ်ယောက်ကရိပေါ်စီလာပြောပြန်သည်။

"ငါတို့အဲ့သင်ဘောထဲကရွှေတွေသွားယူကြရအောင်"

ဒီကောင်ဘာလား သူ့ကိုယ်သူငါလို့သုံးလိုက်တာလား ဆိုနကတစ်ယောက်ကငါ့ကိုခေါ်တာခေါင်းဆောင်ဆို နောက်ပြီးလူကိုကယ်မယ်လို့လာမပြောပဲ ရွှေတွေသွားယူမယ်ဆိုပဲ ဟိုမှာမင်းအဖေတွေကရေနစ်နေတာလေ။

"မင်းတွေဝေမနေပါနဲ့ ဒီလိုအခွင့်အရေးဆိုတာရခဲတယ် သူတို့ဆီကရွှေတွေရဖို့ဆိုတာမလွယ်ဘူးလေ"

( ဖြူလုံးရေကယ်ပါအုံး ငါဘာပြန်ပြောရမလဲ)

( hostကိုမကယ်ခင် hostကရေထဲကလူကိုအမြန်ကယ်လိုက်ပါ)

( ဟမ် ဘာကိုပြောတာ)

( ဟိုနားကခရမ်းရောင်အကျီနဲ့လူတွေ့လား အဲ့လူကိုဆင်းကယ်လိုက်ပါ ဖြူလုံးhostကိုဒီလောက်ပဲကူညီနိုင်မယ် မြန်​မြန်ဆင်းကယ်လိုက်)

( အမ် ေအးအေး)

ခရစ်သူပြောတာကိုမကြားသလိုလုပ်ကာ ဘာမှပြန်မပြောပဲ ရေထဲဆင်းသွားတဲ့သူငယ်ချင်းကြောင့် ကြောင်တောင်တောင်နဲ့ကြည့်လိုက်မိသည်။စမစ်ဟေးဆိုတဲ့အဲ့ကောင်ကဘာလုပ်တာတုန်း ရန်သူကိုကယ်ဖို့ကြိုးစားနေတယ်လို့တော့မပြောနဲ့နော်။

Angel SystemWhere stories live. Discover now