Arc 6.2

1.2K 159 13
                                    

( Unicode)

ရွန်မီတို့သင်ဘော....

"မင်းသမီး ကျွန်တော်တို့သင်ဘောပေါ်မှာသင်ဘောသားမဟုတ်တဲ့သူတစ်ယောက်ခိုးလိုက်လာပါတယ်"

"အဲ့လူကိုဒီခေါ်ခဲ့"

ရွန်မီအမိန့်ပေးလိုက်တာနဲ့ မျက်နှာအုပ်ထားတဲ့သူတစ်ယောက်ကိုခေါ်လာကြသည်။ရွန်မီ ထိုသူ့ကိုမြင်ဖူးသလိုလိုဖြစ်နေတာမို့

"သူ့မျက်နှာကပဝါကိုချွတ်လိုက်"

သင်ဘောသားတွေက ရွန်မီခိုင်းတဲ့အတိုင်းလုပ်လိုက်တယ်ဆိုရင်ပဲ မြင်လိုက်ရတဲ့မျက်နှာတော်ကြောင့် ရွန်မီစွန့်အသွားမိသည်။

"မမနမ် မမနမ်ကဘယ်လိုလုပ်ဒီပေါ်ရောက်နေတာလဲ"

မင်းသမီးရွန်မီပါးစပ်ဖျားက'မမနမ်'လို့ထွက်လာတာမို့ သင်ဘောသားတွေသူတို့ကိုင်ထားတဲ့ထိုအမျိုးသမီးရဲ့လက်ကိုလွှတ်လိုက်သည်။မင်းသမီးလေးက'မမနမ်'လို့ခေါ်တာ မင်းသမီး'နမ်စီကာ'ကလွဲမဖြစ်နိုင်ပါ။

"ညီမရွန်"

သူမကိုပြုံးပြလာတဲ့မမနမ်ကြောင့် ရွန်မီခေါင်းသာခါလိုက်မိသည်။မမနမ်ကပုံမှန်ဆိုရင့်ကျက်တည်ငြိမ်တဲ့အမျိုးသမီးပါ ဘယ်လိုလုပ်ဒီလိုမိုက်မဲတဲ့အလုပ်ကိုလုပ်ရတာလဲ။

"မမနမ် ညီမမေးတာဖြေအုံး ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ"

"တကယ်တော့လေ မမတစ်ယောက်တည်းမဟုတ်ဘူး မောင်လေးလည်းပါတယ်"

"ဘယ်လို! *လာအိုး* အဲ့ကောင်လေးကပါလိုက်လာတာလား"

"ဟုတ်တယ်"

"မမနမ်ရာ အဲ့တော့တိုင်းပြည်မှာမင်းသား မင်းသမီးတွေတစ်ယောက်မှမကျန်တော့ဘူးလေ"

"မမသိပါတယ် ဒါပေမယ့် လာအိုးအကြောင်းကိုသိတယ်မလား သူကပြောမရဘူးလေ"

မမနမ်ပြောတာလည်းမမှား လာအိုးဆိုတဲ့ကောင်လေးကပြောမရဆိုမရလေး သူ့အကိုဂျက်ကရယ်နဲ့တစ်ပုံတည်း မတူတာဆိုလို့ ပင်လယ်ဓားပြတွေကိုသူ့အကိုကမုန်းပြီး အဲ့လာအိုးဆိုတဲ့ကောင်လေးကပင်လယ်ဓားပြသိပ်ဖြစ်ချင်တာ ဒါကလည်းသူ့အဖေ့ရဲ့သွေးပါတယ်ထင်ပါရဲ့။

Angel SystemTempat cerita menjadi hidup. Temukan sekarang