Arc 7.3

1K 156 47
                                    

( Unicode)
.
.
.

ရိုင်းဒိုစစ်ဆေးပွဲမှာထိုင်နေတာကြာနေပြီ သူ့တပည့်ရဲ့တိုက်တွန်းချက်ကြောင့်ဒီကိုရောက်လာပေမယ့် ကူရာစူနေရာကသရုပ်ဆောင်နိုင်မယ့်သူကိုမတွေ့သေးဘူး။ဒီကြားထဲ Second Female lead ကလည်းမတွေ့ရသေးဘူး အချိန်တောင်လင့်နေပြီကို။

ရိုင်းဒိုတွေးလို့တောင်မဆုံးသေး ဟောခန်းထဲဝင်လာတဲ့သူတစ်ယောက် all black ကိုဝတ်ဆင်ထားပြီး မက်စ်တပ်ထားကာ ရိုင်းဒိုဘေးကလွတ်နေတဲ့ခုံဆီအမြန်လှမ်းလာလေသည်။ရိုင်းဒို လှမ်းလာနေတဲ့သူရဲ့မျက်ဝန်းပြာတွေကိုမြင်ဖူးသလိုရှိတာမို့ ပြန်စဥ်းစားနေမိသည်။

ငါသူ့ကိုဘယ်မှာမြင်ဖူးတာပါလိမ့် စဥ်းစားစမ်း အာ ဟုတ်ပြီ Company နှစ်ပတ်လည်နေ့မှာလာမိတ်ဆက်တဲ့ လုပ်ငန်းရှင်တစ်ယောက်ရဲ့သမီးဆိုသူပဲ နာမည်ကဘာပါလိမ့်။

ဆုမီ နောက်ကျနေတာမို့ တိုက်မိတဲ့ကောင်လေးအဆင်ပြေပြီဆိုတာနဲ့တန်းထွက်လာလိုက်သည်။ခုလိုလုပ်တာရိုင်းသလိုဖြစ်သွားတယ်ဆိုတာသိပေမယ့်လည်း ကိုယ်ကအရေးကြီးနေတာမို့သိပ်ပြီးအာရုံထားမနေတော့ဘူး။

ဝင်လာလာခြင်း ဒါရိုက်တာရဲ့ဘေးမှာမက်စ်တပ်ထားတဲ့သူကိုတွေ့လိုက်ရလေသည်။ထိုသူ့ကိုကြည့်ကာ ဘယ်သူလဲဆိုတာတန်းသိသွားရသည်။ဆုမီ ထိုလူ့ဘေးနားကလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်ကာ စကားစလိုက်သည်။

"မတွေ့တာကြာပြီရိုင်းဒို"

အသံကြားမှ ရိုင်းဒိုလည်းထိုကောင်မလေးနာမည်ကိုမှတ်မိတော့သည်။

"ဆုမီ"

"အင်း"

"မင်းကဒုတိယဇာတ်လိုက်လား"

"ဆိုပါတော့ ရိုင်းဒိုလည်းဒီရောက်နေတယ်ဆိုတော့ မေးစရာမလိုပဲသိသွားပြီ"

သူတို့နှစ်ယောက်စကားပြောနေတုန်း ဒါရိုက်တာမှ မာ့ခ်ကီလို့ခေါ်လိုက်သံကြောင့် ရိုင်းဒိုနဲ့ဆုမီစကားပြောခြင်းကိုရပ်ပြီး ဝင်လာမယ့်သူကိုကြည့်လိုက်သည်။

စင်ပေါ်ကိုတက်လာတဲ့မာ့ခ်ကီဆိုတဲ့သူကိုကြည့်ပြီး ရိုင်းဒိုအသက်ရှုနှုန်းတွေမြန်လာရသည်။ဒါက Alpha တကယ်ကြီးလား ဒီလောက်လှပတဲ့Alphaမတွေ့ဖူးဘူး။

Angel SystemWhere stories live. Discover now