Arc 4.3

1.5K 190 5
                                    

( Unicode)

ရွန်ဒါ ဇာတ်လိုက်ကိုပြန်စွာပြီး ဖရက်ကိုအတင်းဆွဲခေါ်လာခဲ့သည်။လမ်းတစ်ဝက်အရောက်

"ရွန်ဒါ မင်းဘာလို့ဂျေးမက်စ်ကိုကောင်းကောင်းမပြောတာလဲ"

"ပြောစရာလား သူကဝင်တိုက်တာလေ မကျေနပ်ပါဘူး"

"ရွန်ဒါရယ် ငါမြင်တာတော့ ဟိုကစာစစ်ပြီးလမ်းလျှောက်လာတာကို မင်းကပြေးဝင်တိုက်တာလေ"

"ဘာပဲဖြစ်ဖြစ် ငါနာသွားတယ်လေ"

နှုတ်ခမ်းကိုတစ်တောင်လောက်ဆူထော်ပြီး ပြန်ပြောနေတဲ့စကားလေးတွေက ကလေးဆန်လွန်းတာမို့ ဖရက်သဘောတကျပြုံးလိုက်မိသည်။

"မင်းနော် ဘာရီတာလဲ"

"ဟော မရီရပါဘူးဗျာ ပြုံးပြနေတာပါသခင်လေးရွန်ဒါရဲ့"

"ဟာ ဘာကိုသခင်လေးလဲ မင်းကငါ့ထက်ကြီးတယ်မဟုတ်ဘူးလား အဲ့လိုမခေါ်ပါနဲ့"

"ဘယ်ကသာ မင်းကသာငါ့ထက်အသက်ကြီးတာ တစ်နှစ်တောင်ပိုကြီးတယ်နော်"

"တကယ်"

"တကယ်ပေါ့ရွန်ဒါရဲ့ မယုံရင်ခင်များ..."

ဖရက် ရုတ်တရက်ထွက်သွားတဲ့နာမ်စားကြောင့် အလန့်တကြားဖြစ်သွားမိသည်။ရွန်ဒါမကြားလောက်ပါဘူးနော် မကြားသွားဘူးမလား။

ရွန်ဒါကတော့ဖရက်ဆက်ပြောမယ့်စကားကိုနားထောင်နေပေမယ့် 'ခင်များ'ဆိုတာမှာတစ်သွားပြီးကြောင်တောင်တောင်ရပ်နေတဲ့ဖရက်ကြောင့်

"ဘာဖြစ်လဲ ဆက်ပြောလေဖရက်ရဲ့"

"ဟင့်အင်း ဘာမှမဟုတ်တော့ဘူး"

"ommpr ဒါဆို ခုလက်တွေ့ကွင်းဆင်းတာသွားရမှာ ငါ့ကိုဆေးကုပေးအုံးနော်ဖရက်လေး"

"ဟုတ်ပြီ လာဒီမှာခနထိုင်"

ကျောင်းဆေးခန်းထဲကိုအရောက် ဆေးကုပေးဖို့ပြောလိုက်တော့ ဖရက်ကချက်ချင်းလုပ်ပေးတာမို့ ရွန်ဒါပြုံးလိုက်မိသည်။ဖရက်က ရွန်ဒါအပေါ်တကယ်ကောင်းတဲ့သူငယ်ချင်းမျိုးပင်။

ဖရက် ရွန်ဒါကိုဆေးကုပေးနေရင်းတွေးမိတာက 'ခင်များ'ဆိုတဲ့နာမ်စားလေးအကြောင်း ဒီနာမ်စားလေးကသူ့အတွက်သိပ်ကိုတန်ဖိုးရှိတယ် 'ခင်များ'ဆိုတာပြောမိရုံ ကြားမိရုံနဲ့ ဖရက်ဆိုတာငြိမ်သက်သွားတဲ့သူမျိုး။ကျွန်တော်ခင်များကိုချစ်တာ ဘာမှားလို့လဲဗျာ ကျွန်တော်ခင်များမုန်းမှာကြောက်လို့ရှေ့ဆက်မတိုးနိုင်ခဲ့ဘူး တစ်ခြားသူကိုကြည့်နေတဲ့ခင်များအကြည့်တွေကျွန်တော့်ဆီရောက်လာရင်သိပ်ကောင်းမှာပဲ။

Angel SystemWhere stories live. Discover now