Arc 6.7

1.2K 176 6
                                    

( Unicode)
.
.
.
"မယ်မယ်"

"သား ဂျက်ပါလား လာလေ"

"သားတစ်ခုတောင်းဆိုချင်လို့ပါ"

"ထူးထူးဆန်းဆန်းပါလား ပြောကြည့်လေ"

"သားကို မယ်မယ်သေနတ်နဲ့ပြစ်လိုက်တဲ့သူပေးပါ သားသူ့ကိုလိုချင်တယ်"

"ဘယ်သူ...ဪ ဟိုပင်လယ်ဓားပြခေါင်းဆောင်ဆိုတာလား"

"မှန်ပါတယ်မယ်မယ်"

"သားကသူ့ကိုခြေတော်တင်ချင်တာလား"

"မယ်မယ်!!"

မယ်မယ်ပြောတဲ့စကားကသိပ်ကိုစော်ကားလွန်းပါတယ် သူကသားအချစ်ပါ မယ်မယ်ခုလိုပြောတာကိုအရမ်းဒေါသထွက်ပါတယ်။ဘယ်လောက်ပဲမယ်မယ်စကားကိုနားထောင်ခဲ့ပါစေ သားသူ့ကိုတန်ဖိုးထားတာမို့ ခြေတော်တင်တယ်ဆိုတဲ့စကားကသူ့ကိုစော်ကားရာကျပါတယ်။မယ်မယ်ပြောခဲ့တဲ့စကားအတွက်တာဝန်ယူဖို့ပြင်ထားပါ။

သူမကိုဒေါသတကြီးအော်လိုက်တဲ့သားကြောင့် အယ်လီနာနည်းနည်းတော့တစ်မျိုးဖြစ်သွားသည်။သူမသားတော်ကဘာအတွက်နဲ့မှ သူမကိုပြန်မပြောဖူးဘူး။ဒီကလေး ပင်လယ်ဓားပြခေါင်းဆောင်ဆိုတဲ့ကောင်လေးနဲ့ကျမှ သူမကိုပြန်အော်ပြောနေပါ့လား။ဂျက်ကရယ် မင်းမူမမှန်ဖူးနော်။

"ငါ့သားကိုဘာကများဒေါသထွက်စေသလဲ"

မယ်မယ်ရဲ့သံသယအကြည့်တွေမြင်မှ ဂျက်သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး ပြန်ပြင်ပြောလိုက်ရသည်။

"မယ်မယ်ကသားကိုအထင်သေးလွန်းတာကိုး သားကအဲ့လိုလူကို အဲ့အဆင့်တောင်မထားချင်ဘူး"

ဟုတ်တယ် ကျွန်တော်သူ့ကိုအဲ့လိုအောက်ကျတဲ့အဆင့်မှာမထားချင်ဘူး အဲ့ထက်မြင့်တဲ့​​နေရာမှာပဲ သူကရှိနေသင့်တာ။သူကကျွန်တော့်ရဲ့တစ်ဦးတည်းသောကြင်ယာတော်ပဲဖြစ်ရမယ်။သူကဒီတိုင်းပြည်မှာ အမြင့်မြတ်ဆုံးနေရာကလူပဲဖြစ်ရမယ်။ဒါဟာ ကျွန်တော့်ရဲ့အမှားတွေအတွက်ပြန်ပေးဆပ်ခြင်းမဟုတ်သလို သူ့ကိုမြင့်တဲ့နေရာမှာထားချင်လို့လည်းမဟုတ်ဘူး။ကျွန်တော်သူ့ကိုသိပ်ချစ်မိသွားလို့ပဲ။

Angel SystemWhere stories live. Discover now