Arc 1.5

2.7K 268 16
                                    

( Unicode)

ရိပေါ်ခုတစ်လောစိတ်ညစ်နေသည် ဘာလို့ညစ်နေလည်းဆို အဲ့ဒီရှောင်းရှောင်ကျန့်ဆိုတဲ့အဖိုးကြီးက စရောက်တဲ့နေ့ကစပြီး ဟိုဟာလေးလည်း No.1 ဒီဟာလေးလည်းNo.1 နဲ့ အမြဲခိုင်းစားနေတော့တာ ၊ ရိုးရိုးခိုင်းရင်ရရဲ့သားနဲ့မထိတထိလာလာစနေသေးတယ် နဂိုနေမှသူ့မြင်ရင် ရင်တွေတုန်ပါတယ်ဆိုကွာ အဲ့အဖိုးကြီးဘာဖြစ်ချင်နေမှန်းကိုမသိဘူး။(နံပါတ်တစ်ကိုအတိုကောက် No.1 လို့ရေးထားပါတယ်)

"ဟေးးးးNo.1 မင်းကိုဆရာရှောင်းကသူ့ရုံးခန်းထဲလာခဲ့ပါအုံးတဲ့"

"ကျစ် အဲ့No.1ဆိုတာကြီးမခေါ်စမ်းပါနဲ့"

"ဘာဖြစ်လို့လဲကွာ ဆရာရှောင်းတောင်ခေါ်တာပဲကို"

"မခေါ်ပါနဲ့ကွာငါမကြိုက်ဘူး သွားပြီဟေ့ရောင်"

"အေးပါကွာ ဂရုစိုက်သွားအုံး"

ရိပေါ်ကိုဂရုစိုက်ဖို့အော်ပြောနေတဲ့ကျောင်းသားကို ရိပေါ်လက်ထောင်ပြကာ အမြန်ပြေးထွက်သွားတော့သည်။ဆရာရှောင်းရုံးခန်းရောက်တာနဲ့

"ဆရာရှောင်းကျွန်တော့်ကိုခေါ်တယ်ဆို"

"နှစ်ယောက်ထဲတွေ့ချိန်ဆိုကျန့်ကောလို့ခေါ်ပါဆိုကွာ"

"ဆရာရှောင်းပြောချင်တာဒါလား ဒါဆိုကျွန်တော်ပြန်ပြီ"

"နေပါအုံးကလေးငယ်ရာ ကိုယ်ဒီကျောင်းမှတ်တမ်းတွေကူစစ်ခိုင်းမို့ပါ"

"ဆရာရှောင်း!!!အဲ့ကလေးငယ်ဆိုတာကြီးမခေါ်ပါနဲ့ဆို"

"ဘာလို့လဲ အတန်းထဲမှာခေါ်သလိုNo.1လို့ခေါ်ရမှာလား"

"ဟာဗျာ အဲ့တာကြီးကိုလည်းမကြိုက်ဘူး ဆရာရှောင်းကဘာဖြစ်ချင်နေတာလဲ"

"သိချင်လား"

အဲ့လိုပြောပြီးပြီးချင်းရှေ့တိုးလာတဲ့ဆရာရှောင်းကြောင့် ရိပေါ်အခန်းပြင်ပြေးဖို့ကြံလိုက်သည်။တစ်လှမ်း...နှစ်လမ်း...မိသွားပြီ။

( ကတောက်စ် အဲ့ခြေတံရှည်တွေကိုအမြင်ကပ်လိုက်တာကွာ)

( hostကိုကပုနေတာ)

( မင်းဘကြီးပဲ ဟိုဘိုးတော်ကိုကရှည်နေတာကွ)

( host ဘယ်လိုသိ)

Angel SystemWhere stories live. Discover now