System နှင့် တွေ့ဆုံခြင်း

7.2K 307 22
                                    

( Unicode)

"မားရေ မား ဪ ဒီမားကတော့ဘယ်ရောက်နေပြန်ပြီလဲမသိဘူး"

ဝမ်ရိပေါ်တစ်ယောက် တစ်အိမ်လုံးသူ့မားကိုပတ်ရှာနေပေမယ့် ဘယ်မှာမှရှာမတွေ့ဖြစ်နေတော့ ထူးဆန်းပြီလေ ပုံမှန်ဆို သားလေး ဟိုဟာမစားနဲ့ဘာညာဆိုပြီး အိမ်မှာအမြဲဒေါက်ထောက်လိုက်ပြောနေတတ်တာ ခုမနက်ခင်းအစောကြီးကိုမားကမရှိပြန်ဘူး ဘယ်များသွားပါလိမ့်။

     "အယ် တကယ်ကြီးပျောက်နေတာပဲ ဝမ်ရိပေါ်မင်းစဥ်းစားစမ်း မားဘယ်သွားနေတာလဲ....အာ သိပြီ ဟိုနေ့ကမားပြောနေတာ သူ့သူငယ်ချင်းကိုသွားကြိုမယ်ဆိုလားပဲ"

"ရေးးးးပျော်လိုက်တာ အိမ်မှာမားမရှိဘူးဆိုတော့ ဟွင်းဟွင်း မုန့်စားရမယ်"

    ဝမ်ရိပေါ်လေးတစ်ယောက် မုန့်တွေပတ်ရှာနေပါပြီ။ဒီလိုအခွင့်အရေးကလက်လွှတ်သင့်တာမဟုတ် မားကအမြဲတမ်း အစားစားရင်လိုက်ပိတ်ပင်နေတတ်တာ မင်းတို့မသိကြလို့ပါ သိရင် ဟောဒီကပေါ်ပေါ်လေးကိုသနားတောင်သွားအုံးမယ်။ပေါ်ပေါ်လေးကအစားသောင်းကျန်းလို့မကျွေးတာ လုံးဝမဟုတ်ပါဘူးနော် အဟမ်း မားကိုကကပ်စေးအိုးကြီးဖြစ်နေလို့။ကဲ ထားတော့ သွားစားကြမယ် let's go.
     ဝမ်ရိပေါ်လည်းသူ့မားမရှိတုန်းစားချင်တဲ့မုန့်ကိုအဝစားနေလိုက်တယ်။ဘယ်သူသိမှာလဲ မုန့်နင်သွားမယ်လို့လေ ဟင့် အဲ့မှာပဲ အချောလေးဝမ်ရိပေါ် မနက်စောစော မာလကီးယားသွားပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~

"ငါဘယ်ရောက်နေတာပါလိမ့် အမ် နေရာကြီးကမိုက်လှချည်လား ကောင်းကင်ဘုံများလား"

    ဝမ်ရိပေါ်သူရောက်နေတဲ့နေရာကိုကြည့်လိုက်တော့ လေပွေဆန်ဆန်တိမ်ထုတွေကိုမှ သက်တန့်ပုံအနားသတ်ထားတဲ့ ငှက်သိုက်မုန့်ကြီး ဟုတ်တယ်လေ မင်းတို့ပဲစဥ်းစားကြည့် အဲ့တာငှက်သိုက်မုန့်ကြီးနဲ့မတူဘူးလားလို့

    ဝမ်ရိပေါ်သူရောက်နေတဲ့နေရာကိုကြည့်လိုက်တော့ လေပွေဆန်ဆန်တိမ်ထုတွေကိုမှ သက်တန့်ပုံအနားသတ်ထားတဲ့ ငှက်သိုက်မုန့်ကြီး ဟုတ်တယ်လေ မင်းတို့ပဲစဥ်းစားကြည့် အဲ့တာငှက်သိုက်မုန့်ကြီးနဲ့မတူဘူးလားလို့

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.
Angel SystemOnde histórias criam vida. Descubra agora