1851 - 1855

196 15 0
                                    

အပိုင်း (၁၈၅၁)
   
        အဓိပတိရူတောက်သည် သူ့အား တာအိုလှုပ်ခါခြင်းဆေဘာပညာရပ်ကို နားလည်အောင် ကူညီပေးချိန်က သူ၏ နှလုံးသား ပြင်းထန်စွာ လှုပ်ရှားခဲ့သည်။
       ထို့ကြောင့် သူ၏ ယခုလိုအကြံပြုချက်သည် သူမနှင့် ထပ်ပြီး ပွတ်သီးပွတ်သပ်နေချင်သောကြောင့် တမင်တကာ တောင်းဆိုနေသလိုပင်ဖြစ်သည်။

     အဓိပတိရူတောက်က သူ့ကိုပြုံးစိစိဖြင့် ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူမ တခစ်ခစ် ရယ်လိုက်သည်။
      “ယောက်ျားက ဒီလိုပြောမှတော့ ဇနီးသည်တစ်ယောက်အနေနဲ့ ဒါကို ဘယ်လိုငြင်းရမလဲ…ကျွန်မ ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်ရှင့်"
     သူမသည် လက်ဝှေ့ယမ်းလိုက်ပြီး တောင်ကွဲဆေဘာကို သူမ၏ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။

      “ချင်နန် အဲဒီလှံကို ငါ့ကိုပေးပါ့လား"
    ပျက်ကိန်း တံတွေးမျိုချလိုက်သည်။ ပုံမှန်အားဖြင့် သူသည် မည်သည့်လက်နက်ကိုမျှ မသုံးသည့်တိုင် လွတ်လပ်သော တာအိုပညာရပ်ကို အတော်လေး သဘောကျဆဲဖြစ်သည်။

      “ရတယ်ယူလေ"
    ချင်နန် တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ သူသည် အင်မော်တယ်သုတ်သင်ခြင်းလှံအား ကောင်းကင်ပြုပြင်ခြင်းအိုးကို ပေးလိုက်သည်။

      သူသည် ဓားနှစ်ချောင်းကိုယူဖို့အခွင့်အရေးကိုလည်း လက်လွှတ်ခံခြင်းမရှိပေ။
      သူသည် ၎င်းတို့ကို တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာနှင့် အခြားသူများကို ပေးနိုင်သည်။

     “နေဦး ကောင်လေး ကျောက်တုံးကို သေချာကြည့်လိုက်…အဲဒီပေါ်မှာ လက်ဗွေရာပါပြီး အဲဒါက သုံးလက်မကျော် နက်တယ်မလား"
     တစ်စုံတစ်ခုကို နားလည်သွားချိန်၌ စာခြောက်ရုပ်က စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။

    ချင်နန် သေချာကြည့်ရှုပြီးနောက် လက်ဗွေရာသည် အမှန်တကယ်ပင် သုံးလက်မကျော်နက်သည်ကို သတိထားမိလိုက်သည်။  ၎င်းသည် သူ၏ ဘယ်ဘက်လက်နှင့် တစ်ထေရာတည်းဖြစ်သည်။

      ချင်နန် ခေါင်းညိတ်လိုက်သည်ကိုမြင်ချိန်၌ စာခြောက်ရုပ်အံ့ဩသွားပြီးပြောလိုက်သည်။
      “ငါထင်ထားတဲ့အတိုင်း ထွက်လမ်းတစ်ခုရှိတာပဲ…တကယ်လို့ မင်း လက်ဗွေရာကို နှိပ်လိုက်မယ်ဆိုရင် ငါတို့ သင်္ချိုင်းက ထွက်သွားလို့ရလိမ့်မယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now