၁၁၀၁ - ၁၁၀၅

433 39 0
                                    


အပိုင်း (၁၁၀၁) ပုစဉ်းရင်ကွဲကိုအမဲလိုက်နေသော ရှိခိုးကောင်...အခွင့်အရေးကို ပုန်းကာ စောင့်ဆိုင်းနေသော စာကလေး

"သူတိုက်ရဲသေးတယ်ပေါ့"
ကျင့်ကြံသူနှစ်ဆယ့်ခုနှစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သို့သော်လည်း သူတို့သည် ချက်ချင်းပင် တုံ့ပြန်၍ သူတို့ ရတနာပစ္စည်းများကို ထုတ်ယူကာ သူတို့၏ ရှေ့၌ အကာအကွယ်သဖွယ် လုပ်လိုက်သည်။ သို့သော်လည်း ပိုင်းချက်၏ စွမ်းအားတစ်၀က်လောက်ကိုချေဖျက်ပြီးနောက် ရတနာပစ္စည်းများ လုံး၀ပျက်စီးသွားသည်။

"ဒီလိုအစွမ်းထက်တဲ့ ဆေဘာ"
ကျင့်ကြံသူများ တုန်လှုပ်သွားသည်။

ဆေဘာ၏ အစွမ်းတစ်ခုတည်းကပင် ပုံမှန်ဘုရင်အဆင့်လက်နက်များထက် လုံး၀သာလွန်သည်။

"ရွှေသော့အိမ်က ဒီမှာပဲ...ဒါကိုအရင်ရတဲ့လူပိုင်လိမ့်မယ်"
ချင်နန် ရုတ်တရက် အော်လိုက်ရာ သူ၏ အသံ တောင်တစ်ခွင်လုံးပဲ့တင်ထပ်သွားသည်။ သူ သူ၏ လက်ကို လှုပ်ခါလိုက်ရာ နဂါးပုံစံရွှေသော့အိမ်သည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ အဝေးသို့ လွင့်သွားသည်။

"ဒါ..."
ကျင့်ကြံသူများ အသက်ရှူရပ်သွားသည်။

တောင်ထဲမှ အခြားကျင့်ကြံသူများသည်လည်း မျက်လုံးများ ပြူးကျယ်သွားသည်။

ချင်နန်သည် ရွှေသော့အိမ်ကို လက်လွှတ်လိုက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည် ချင်နန်သည် သူတို့ တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက် ရွှေသော့အိမ်ဖြင့် အာရုံပြောင်းခြင်းဖြစ်ကြောင်း မကြာခင်၌ နားလည်သွားကြသည်။

အချိန်ပြည့်ခါနီးမှသာ သူလှုပ်ရှားလိမ့်မည်ဖြစ်သည်။
အဆုံး၌ အချိန်ပြည့်သည့်အခါတွင် ရွှေသော့အိမ်အား ပိုင်ဆိုင်ထားသူသည် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည်ဖြစ်ပြီး အခြားသူများ၏ လိုက်လံတိုက်ခိုက်ခြင်းကိုခံရမည်ကို စိတ်ပူရန်မလိုအပ်ပေ။
ချင်နန်သာ ထိုသို့တွေးသူမဟုတ်ပေ။ တောင်ထဲ၌ ကျင့်ကြံသူရာချီရှိသည်။ သို့သော်လည်း တိုက်ပွဲ၌ ပါ၀င်သူဆို၍ ကျင့်ကြံသူနှစ်ဆယ်ကျော်သာရှိသည်။ အကြောင်းမှာ ထိုလူများစွာသည် ပုစဉ်းရင်ကွဲကို အမဲလိုက်နေသည့် ရှိခိုးကောင်ကို စောင့်ကြည့်နေသော စာကလေးသဖွယ် အခွင့်ကောင်းကို စောင်ဆိုင်းနေခြင်းဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now