၁၃၂၆ - ၁၃၃၀

379 42 0
                                    


အပိုင်း (၁၃၂၆) နဂါးနတ်ဘုရားအခန်း

    “သေခြင်းပုံဆောင်ခဲက တုံ့ပြန်မှုပြတာလား…ကြည့်ရတာ ဒီအရပ်မျက်နှာမှာ တစ်စုံတစ်ခုက သူ့ကို ဆွဲဆောင်နေသလိုပဲ"
      ချင်နန် သူ၏ နှလုံးသားထဲ ရေရွတ်ပြီးနောက် ကြည့်လိုက်သည်။
     တစ်ခဏကြာပြီးနောက် သူသည် တောင်နံရံတွင်ရှိ‌သော လျှို့ဝှက်ဂူတစ်ခုကို တွေ့လိုက်ရသည်။ ဂူမှာ တစ်ကျန်၀န်းကျင်ခန့်မြင့်ပြီး အပင်များ ပေါက်ရောက်နေသည်။
      အနီးမှ နံရံများပေါ်တွင် အချိန်အတော်ကြာတည်ရှိနေပုံရသည့် လျှို့ဝှက်ဆန်းကြယ်‌သောအဆောင်များကို တွေ့မြင်နိုင်သည်။

       “ဒီအဆောင်တွေက နတ်ဘီလူးအစီအရင်က သင်္ကေ‌တတွေနဲ့ တူတာပဲ…ချင်နန် ဒီဂူက တစ်ခုခုထူးဆန်းတယ်…သေချာဂရုစိုက်ရအောင်"
     သူ၏ ခေါင်းကိုမော့လိုက်ချိန်၌ စင့်မာခေါင် ကြောက်သွားသည်။
      သူသည်  ရှေးဟောင်းစာအုပ်များစွာဖတ်ဖူးသောကြောင့် နတ်ဘီလူးအစီအရင်ကဲ့သို့ အစီအရင်များသည် အသက်ဝင်လာသည်နှင့် သိုင်းနတ်ဘုရားများကိုပင် သတ်နိုင်ကြောင်းကို သူသိသည်။
      ၎င်းသည် ရွှေနဂါးတောင်ကြားတွင်ရှိသော ထောင်ချောက်များထက် ပိုကြောက်ဖို့ကောင်းသည်။

      “ငါတို့အရင်ဆုံးသွားကြည့်ရအောင်"
     ချင်နန် ဖျက်ဆီးခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်ကာ စင့်မာခေါင်၏ ခန္ဓာကိုယ်ကိုလွှမ်းခြုံလိုက်ပြီးနောက် ချက်ချင်းဂူထဲ၀င်သွားသည်။
  
     “ဒါက…"
     သူတို့ဂူထဲ၀င်လိုက်သည်နှင့် ချင်နန်နှင့် စင့်မာခေါင်တို့ မြင်ကွင်းကြောင့်အလွန်အံ့ဩသွားသည်။
      ဂူမှာ အတော်လေးကျယ်ပြောသည်။
      ဂူထဲ၌ ကျန်တစ်ထောင်ကျော်ရှည်သည့် လက်သည်းရာများ သို့မဟုတ် ကျန်တစ်သောင်းကျော်ရှည်သည့် လက်သည်းရာများပင် ရှိနေပြီး နေရာအနှံ့တွင်းများ၊ ချောက်များ၊ အပေါက်များဖြစ်နေသည်။ မြေဆီလွှာမှာ ခရမ်းရောင်နှင့် အပြာရောင်သွေးများ စွန်းထင်းနေသည်။
     ထို့ပြင် မြေပြင်တွင် အရိုးများစွာရှိနေပြီး ၎င်းတို့အားလုံးမှာ အလွန်ကြီးမားသော သစ်ပင်များပမာဖြစ်သည်။ တည်ရှိနေခဲ့သည်မှာ အချိန်အတော်ကြာသွားပြီဖြစ်သည့်တိုင် ၎င်းတို့၏ ပြင်းထန်သော နဂါးစွမ်းအားနှင့် တိုက်ပွဲဆန္ဒများ မပျောက်ပျက်သွားပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now