၁၃၁၁ - ၁၃၁၅

410 39 1
                                    


အပိုင်း (၁၃၁၁) တတိယအကြိမ်အမဲလိုက်မှု

     ထိုအချိန်၌ ခန်းမသေလောက်အောင် တိတ်ဆိတ်နေသည်။

    ချင်နန် ထိုကဲ့သို့ စကားပြောရဲလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

      “မင်းဘာပြောတာ…မင်း"
     သွေးသင်္ကေတသိုင်းဘုရင်၊ ချီလင်မီးလျှံသိုင်းဘုရင်၊ ကောင်းကင်မိုးကြိုးသိုင်းဘုရင်နှင့် ရှေးဟောင်းမျိုးနွယ်စုသုံးခုမှ သိုင်းဘုရင်များ သူတို့၏ အတွေးများကိုစုစည်းပြီးနောက် သူတို့၏ မျက်လုံးများအေးစက်သွားသည်။

      “အားလုံးပဲ ကျုပ်ကို ခွင့်ပြုကြပါဦး"
    ချင်နန်သိုင်းဘုရင်ကောဝူနှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် နန်းတော်ထဲမှ ပျံသန်း၍ ထွက်ခွာသွားသည်။

      
        ထိုလူများသည် သူ့ကို ယခုဘာမျှမလုပ်နိုင်သောကြောင့် သူ ဤနေရာတွင် ဆက်နေဖို့ မလိုအပ်ပေ။
     အစက သူ ဤနေရာသို့လာရန်ဆုံးဖြတ်ခဲ့ခြင်းမှာ သွေးမျိုးနွယ်စုမှ သခင်လေး၏ စွမ်းရည်ကိုလေ့လာဖို့ ဆုံးဖြတ်ခဲ့သောကြောင့်ဖြစ်သည်။
      သူ့အား အံ့အားသင့်စွာပင် သွေးမျိုးနွယ်စု၏ သခင်လေးသည် မောက်မာရုံသာမက သူ့ကို ဗလိုင်းကြီး လာခြိမ်းခြောက်နေသည်။
     ချင်နန် ဆွံ့အသွားသည်။
      ဒီသခင်လေးသုံးယောက်က ဘာလိုါ စရိုက်ချင်းတူနေကြတာလဲ....

     အကယ်၍ ဤကဲ့သို့ဖြစ်မည်ကို ကြိုသိပါက သူ ကိုယ့်အချိန်ကိုဖြုန်းပြီး ဤနေရာသို့ လာလိမ့်မည်မဟုတ်ပေ။

     “ဒီချင်နန်က အရမ်းထောင်လွှားတယ်"

    “သူက အခြေအနေကို နားမလည်ဘူး"

     မကြာခင်၌ ကောင်းကင်ဆန့်ကျင်နန်းတော်ထဲတွင် ဝေဖန်မှုများ ပြည့်နှက်လာသည်။
       သို့သော်လည်း သိုင်းဘုရင်များ ထိုစကားသာ‌ပြောပြီး မည်သူမျှ ချင်နန်၏ နောက် မလိုက်သွားပေ။

      “ကောင်းတယ်…အရမ်းကောင်းတယ်…ဘယ်ချိန်တုန်းကစပြီး သိုင်းဘီဘင်တစ်ယောက်က ငါ့ကို ဒီလိုပြောရဲသွားတာလဲ…ချီလင်မီးလျွှ ကောင်းကင်မိုးကြိုး တကယ်လို့ ချင်နန် ကောင်းကင်ဆန့်ကျင်မဟာမိတ်က ထွက်သွားရဲမယ်ဆို မင်းတို့ သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်ဖို့မမေ့နဲ့"
    သွေးသင်္ကေတသိုင်းဘုရင် ရက်စက်ခက်ထန်သော မျက်နှာထားဖြင့် အသံပို့လွှတ်လိုက်သည် ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now