၁၃၈၁ - ၁၃၈၅

337 33 0
                                    


အပိုင်း (၁၃၈၁) ရာစုနှစ်၏ တိုက်ပွဲ (၁)

        “နဂါးရှစ်ကောင်ပိုင်းချက်"

       “အင်ပါယာသုံးပါးပြောင်းလဲခြင်း"

        “မီးလျှံနက်ကိုးခုရဲ့ဒေါသ"

     ရှန်ကျင့်ထျန်း၊ ကျွမ်းစီတောက်၊ စုချင်းနင်နှင့် အခြားသူများသည် ချက်ချင်းပင် သူတို့၏ အစွမ်းထက်တိုက်ကွက်များ ထုတ်ဖော်လိုက်သည်။ သူတို့သည် အရင်ဆုံး ဆေဘာစွမ်းအင်ကို ချေဖျက်လိုက်ပြီးနောက် လူဖြန့်ကာ ထူးခြားသော ဘုရင်သိုင်းပညာအမျိုးမျိုးဖြင့် တိုက်ခိုက်လိုက်သည်။

      အသက်တစ်ရှိုက်အတွင်းမှာပင် ဘုရင်သိုင်းပညာများစွာ ချင်နန်ကို လွှမ်းခြုံသွားသည်။
 
      “စစ်နတ်ဘုရားရဲ့ ပထမပုံစံ"
      ချင်နန်၏ တိုက်ခိုက်ချင်စိတ်များ ထိုးတက်လာပြီး ဘုရင်သိုင်းပညာများကို နဂါးတစ်ကောင်ပမာ လူးကာလွန့်ကာ ပွတ်ကာသီကာဖြင့် ရှောင်တိမ်းလိုက်သည်။

      သူ့လက်ထဲမှ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာသည် တိုက်ခိုက်မှုရပ်တန့်သွားခြင်းမရှိဘဲ အဖော်မဲ့အထီးကျန်သည့် အော်ရာပါသော ဆေဘာစွမ်းအင်များ ပစ်လွှတ်နေသည်။

       “ဒီလိုထူးခြားတဲ့ မျက်လုံးပညာရပ်နဲ့ လှုပ်ရှားမှုပညာရပ်"
      ရှန်ကျင့်ထျန်းတို့ ခုနှစ်ယောက်၏ မျက်လုံးထဲ အံ့အားသင့်မှုများ ယှက်ပြေးသွားသည်။

     “ချင်နန်ရဲ့ မျက်လုံးပညာရပ် လှုပ်ရှားမှုပညာရပ် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာနဲ့ သူ့ရဲ့ သိုင်းဘုရင်စွမ်းအင်အားလုံးက ထူးခြားတယ်…သူ့ကို အဆောင်တွေ နဲ့ ရှေးဟောင်းပစ္စည်းတွေကို မသုံးဘဲနဲ့ တိုက်"
      ၀မ်ယုံကူ အခြားသူများကို အသံပို့လွှတ်လိုက်ပြီးနောက် ရှေးဟောင်းဘုရင်သိုင်းပညာများကို အသုံးပြုလိုက်သည်။

      ဘန်း…ဘန်း…ဘန်း…

      ထိုအချိန်၌ မိုးထစ်ချုန်းသလို အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပွားသွားသည်။
  
       ချင်နန်နှင့် ရှန်ကျင့်ထျန်းတို့ခုနှစ်ယောက်သည် လေထဲတွင် ဒေါသအိုးပေါက်ကွဲနေသော သားရဲများတစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေသည့်အလားပင်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now