၁၀၉၆ - ၁၁၀၀

423 46 1
                                    


အပိုင်း (၁၀၉၆) ဘုရင်ဇာတာခွင်ပြိုင်ပွဲမစခင်အရုဏ်တက်

လေပြင်းများကြောင်း လူအုပ်၏ ဆံပင်နှင့် အ၀တ်အစားများ လူးလွန့်သွားပြီး ကျယ်လောင်သော ဟိန်းသံသည် သူတို့၏ နားများကို ထုံထိုင်းသွားစေသည်။
နဂါးခေါင်း၏ အထက်၌ လူငယ်တစ်ယောက်ရပ်နေပြီး အလွန်ကြီးမြတ်သော ပုံစံဖြစ်သည်။

ဂျီးနီးယပ်များ ဦးရေထုံသွားပြီး သူတို့၏ နှလုံးသားများ အေးစက်သွားသည်။

မင်းတကယ်ကြီးလား...နဂါးခေါင်းပေါ်မှာ လူတစ်ယောက်ရပ်နေတယ်ပေါ့...

ထို့ပြင် ၎င်းသည် သာမန်နဂါးမဟုတ်ပေ။ ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးမျိုးနွယ်စု၏ ဂျီးနီးယပ် ဘုရင်အဆင့်ပေါ်တွင် အဆင့်ငါး အောက်ချန်းထျန်ဖြစ်သည်။
နောက်ထပ်အနေဖြင့် သူ၏ ရောက်ရှိလာမှုကြောင့် ဂျီးနီးယပ်သုံးယောက် ဟိန်းဟောက်လိုက်ကြပါသည်လော...

အကယ်၍ ၎င်းကို သူတို့၏ မျက်လုံးနှစ်လုံးနှင့် မတွေ့ရပါက သူတို့လုံး၀ယုံလိမ့်မည်မဟုတ်ပေ။
နဂါးများသည် မည်မျှမာနကြီးကြောင်းကို လူတိုင်းသိသည်။
ရှေးဟောင်းရွှေခရမ်းနဂါးတိုက်ပွဲနဂါးမျိုးနွယ်စု၏ ဂျီးနီးယပ်ဆိုပါက စကားထဲပင် ထည့်ပြောရန် မလိုပေ။

"ချေး...ချင်နန် ဒါမင်းပဲ"
စင့်မာခေါင်၏ ခန္ဓာကိုယ်တုန်ခါသွားပြီး ပထမဦးစွာ အလန့်တကြားဖြင့် ထအော်လိုက်သည်။
သောက်ခွေးပဲ...ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါး အောက်ချန်းထျန် ခေါင်းပေါ်မှာ ရပ်ပြီး သားရဲသုံးကောင်က ဟိန်းဟောက်ကြိုဆိုရတယ်ပေါ့...
၎င်းသည် သေမျိုးလောကထဲ နတ်ဘုရားတစ်ပါးသက်ဆင်းလာသည်ဟုပင် ခံစားရသည်။
ထိုအတွေးတစ်ခုတည်းကပင် လူတိုင်းကို နှလုံးခုန်မြန်သွားစေရန် လုံလောက်သည်။

ထောင်ချင်းစန့်၏ အသက်မဲ့သော မျက်နှာပေါ်၌ နောက်ဆုံးတွင် တုံ့ပြန်မှုတချို့ရှိလာသည်။
နဂါးခေါင်းထက်တက်စီးကာ လူရှေ့သူရှေ့ထွက်လာခြင်းကို မည်သူမကြိုက်ဘဲ နေပါမည်နည်း...

ကျန်းပိလန်၏ မျက်လုံးများ အံ့အားသင့်စွာအရောင်လက်သွားပြီးနောက် သူမ၏ မျက်နှာပေါ်တွင် ချစ်စရာကောင်းသော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
ချင်နန်သည် အမြဲတမ်းထိုကဲ့သို့ သူ၏ ရောက်ရှိလာမှုဖြင့် လူအများအား အံ့ဩတုန်လှုပ်အောင် လုပ်တတ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now