1816 - 1820

215 19 0
                                    

အပိုင်း (၁၈၁၆) သွေးမြို့
    
      “နေတစ်ထောင်ရိုက်ချက်"
    ချင်နန် သူ၏ အတွေးများကို စုစည်းလိုက်သည်။ ကောင်းကင်ပြုပြင်ခြင်းအိုးပေါ်က ပုံစံများသည် နိုးထလာသလို စွမ်းအင်များ စုစည်းလာသည်။ ၎င်းသည် တောက်ပသောအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အပြာရောင်ရှေးဟောင်းသစ်ပင်ဆီသို့ ပစ်ခတ်လိုက်သည်။

       “သစ်ပင်နယ်မြေ"
    ကောင်းကင်အင်မော်တယ်အထွတ်အထိပ်အဆင့်သုံးယောက်သည် ကျယ်လောင်စွာအော်ပြီး သစ်ပင်ထဲ စွမ်းအင်များ ထည့်သွင်းလိုက်သည်။ ရွှေရောင်ပွင့်ဖတ်ခုနှစ်ဖတ်ပါသော ပန်းတစ်ပွင့် ဖြည်းလေးစွာပွင့်လာသည်။

      ဘန်း…

      အတော်လေးထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်ပွားလာသည်။

    ပုံမှန်အားဖြင့် ‌ကောင်းကင်အင်မော်တယ်အထွတ်အထိပ်အဆင့်တစ်ယောက်ကို ခြိမ်းခြောက်နိုင်သည့် နေတစ်ထောင်ရိုက်ချက်သည် သစ်ပင်ပေါ်ကျရောက်သည့်အချိန်တွင် တိုက်ခိုက်မှုသည် ရှေးဟောင်းတောင်တစ်တောင်အပေါ် ကျရောက်သွားသလို လှုပ်ပင်မလှုပ်သွားပေ။

      “ဒါက ဘယ်လိုသစ်ပင်မျိုးလဲ"
    တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာနှင့် ယွမ်ကျိ အံ့ဩသွားသည်။

    “စစ်နတ်ဘုရားရဲ့ အင်မော်တယ်မျက်လုံးတွေ"
    ချင်နန် အနည်းငယ်တုန်လှုပ်သွားသည်။ သူ၏ မျက်လုံးထဲတွင် မီးလျှံများ ပြင်းထန်စွာလောင်ကျွမ်းလာပြီး သူ၏ အစွမ်းထက်မျက်လုံးများဖြင့် သစ်ပင်၏ ပင်စည်နှင့် ၎င်း၏ အခြားအစိတ်အပိုင်းများ စစ်ဆေးလိုက်သည်။

    ဝှစ်…

    “ပျက်စီးစမ်း"
    မကြာခင်၌ သစ်ပင်၏ အစိတ်အပိုင်းဆယ့်ငါးခုမှ အင်မော်တယ်စွမ်းအင်ဆယ့်ငါးခုသည် ထူးဆန်းသောပုံစံဖြင့် လည်ပတ်နေကြောင်းကို သူ သတိပြုမိလိုက်သည်။ သူသည် သူ၏ နတ်ဘုရားအာရုံကို စုစည်းကာ ကောင်းကင်ပြုပြင်ခြင်းအိုးကိုထိန်းးချုပ်ပြီး သစ်ပင်ကို တောက်ပသောအလင်းတစ်ခုပစ်လွှတ်လိုက်သည်။

    ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာသော်လည်း အလွန်ကြီးမားသောသစ်ပင်သည် တောင်ကြီးတစ်တောင်လို ရှိနေသေးသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now