၁၅၈၁ - ၁၅၈၅

376 32 0
                                    


အပိုင်း (၁၅၈၁) ခြိမ်းခြောက်ခြင်းနှင့် ကတိပေးခြင်း

    သူသည် အထွတ်အမြတ်နေရာလွတ်တွင် နှစ်ရာချီနေခဲ့သည့်တိုင် ဤကဲ့သို့ထူးဆန်းသော ကိစ္စကို တစ်ခါမျှ မမြင်ဖူးသလို ကြားလည်းမကြားဖူးပေ။
     အတိတ်က အလားအလာရှိသော ကျင့်ကြံသူအနည်းစုနှင့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူအချို့သည်  ထူးခြားသော နည်းလမ်းအမျိုးမျိုးကို အသုံးပြုကာ ကြိုးစားခဲ့ကြသော်လည်း အထွတ်အမြတ်စွမ်းအင်ဆယ်ပုံလေးပုံခန့်သာရရှိခဲ့သည်။

      “အကြီးအကဲရန်....အဆင့်ခုနှစ်အထွတ်အမြတ်နေရာလွတ်က ကျင့်ကြံသူတွေက စောဒက တက်နေကြပါတယ်…သူတို့က အဲဒီလူကို အပြင်ထွက်ခိုင်းနေပါတယ်"
    လူငယ်သည် သူ့နဖူးပေါ်က ချွေးစီးများကို သုတ်လိုက်သည်။

    “ငါတစ်ချက်သွားကြည့်ဦးမယ်"
    အကြီးအကဲရန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ မတ်တတ်ရပ်လိုက်သည်။ သူသည် အဆင့်ခုနှစ်အထွတ်အမြတ်နေရာလွတ်က ကျင့်ကြံသူများ စောဒကတက်ခြင်းကို စိတ်မပူပေ။ သို့‌သော်လည်း ထိုလူသည် အထွတ်အမြတ်နေရာလွတ်တွင် အချိန်အတော်ကြာနေပြီး အထွတ်အမြတ်စွမ်းအင်ဆယ်ပုံကိုးပုံကို ဆက်ယူနေပါက မည်သူက လာ‌တော့မည်နည်း…

     ထို့ပြင် ထိုလူသည် ထိုကဲ့သို့အရာတစ်ခုကို လုပ်ဆောင်နိုင်သောကြောင့် သူသည် အထွတ်အမြတ်စွမ်းအင်ကို ထိန်းချုပ်ခြင်း၏ လျှို့ဝှက်ချက်ကိုသိကြောင်းထင်ရှားသည်။

     ချင်နန်မှာမူ သူသည် အထွတ်အမြတ်သလင်းကျောက်များကို သန့်စင်နေဆဲဖြစ်သည်။
     ယခင်လေးခေါက်ကနှင့် မတူညီစွာပင် သူ အထွတ်အမြတ်သလင်းကျောက်များသန့်စင်ပြီးချိန်၌ တားမြစ်နှလုံးသားတုန်ခါလာပြီး သူ၏ ခြေလက်များဆီသို့ တားမြစ်ချီများ ထုတ်လွှတ်လိုက်သည်။
      ထူးထူးခြားခြား ခြားနားမှုမရှိသော်လည်း ကောင်းသောလက္ခဏာဖြစ်နေဆဲဖြစ်သည်။

      “အရင်ငါးခေါက်တုန်းက ငါအဝါရောင် အော်ရာတစ်ခုပဲ ရောလိုက်တာ…တကယ်လို့ ငါအော်ရာနှစ်ခု ဒါမှမဟုတ် သုံးခုပေါင်းလိုက်မယ်ဆို ဘာဖြစ်လာမလဲမသိဘူး"
    ချင်နန် စိတ်ကူးတစ်ခု ရသွားသည်။ သို့သော်လည်း တစ်စုံတစ်ခုကို သတိထားမိသွားချိန်၌ သူအေးစက်သောမျက်နှာအမူအရာဖြင့် အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now