1821 - 1825

236 18 0
                                    

အပိုင်း (၁၈၂၁) သင်္ချိုင်းတွင်နေထိုင်သောလူ

     “ချင်နန် သေတော့မှာလား"
     တစ်ကိုယ်တော်ကျင့်ကြံသူများသည် အသက်ရှူရပ်ကာ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားသည်။

     ချင်နန်၏ ကြီးထွားမှုကို မတားဆီးနိုင်ပေ။ အကယ်၍ ချင်နန်သာ ဤနေရာတွင် သေသွားပါက သူ၏ သေဆုံးသောသတင်းသည် ကိုးကောင်းကင်ကို ပျံ့နှံ့ သွားလျှင် မုန်တိုင်းထန်သွားလိမ့်မည်ဖြစ်သည်။

      “ပျက်ကိန်း"
     တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာ၊ ယွမ်ကျိနှင့် တခြားသူများသည် သူတို့၏ ခန္ဓာကိုယ်ထဲက ကျန်ရှိသောအင်မော်တယ်စွမ်းအက်များထုတ်လွှတ်ကာ ကောင်းကင်ပြုပြင်ခြင်းအိုးထဲ ထည့်သွင်းလိုက်သည်။
    ပျက်ကိန်းသည် သူ၏ ပါးစပ်ကိုဟကာ ဟိန်းဟောက်လိုက်သည်။ သူ၏ စွမ်းအင်အားလုံးကို ထုတ်ဖော်လိုက်သည်။

     ချင်နန်၏ ဆံပင်များ ထောင်မတ်သွားသည်။
      သူသည် စစ်နတ်ဘုရား၏ အင်မော်တယ်မျက်လုံးများကို အသုံးပြုကာ ကောင်းကင်တွင် ပြန့်ကျဲနေသည့် ဓားစွမ်းအင်များကို ကြည့်လိုက်သည်။
     သူတို့၏ မျှော်လင့်ချက်အားလုံးကို လူချင်းယင်အပေါ် ပုံထားလို့မရပေ

     ထိုအချိန်၌ လူချင်းယင်၏ နဖူးပေါ်က လက္ခဏာမှာ တောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ အသံကလည်း အလွန်ကျယ်လောင်သည်။
       “ကောင်းကင်နဲ့ မြေပြင်အရာအားလုံးက တူညီတဲ့အရင်းအမြစ်ကလာတယ်…ဒါက နေရာတိုင်းမှာ ထာဝရတည်ရှိနေလိမ့်မယ်...."

    ဝှစ်…

     ချင်နန်နှင့် အခြားသူများ၏ ခြေထောက်အောက်တွင် အင်မော်တယ်သင်္ကေတများ ပြန့်ကျက်လာသည်။
     အလွန်ပြင်းထန်သော စွမ်းအင်တစ်ခုသည် သူတိူ့၏ ပုံရိပ်များကို လွှမ်းခြုံသွားသည်။

      “ချေးပဲ"
     အင်မော်တယ်အင်ပါယာကျန်းကျွယ် တုန်လှုပ်သွားသည်။ သူလှုပ်ရှားရန် ပြင်လိုက်သော်လည်း လူချင်းယင်က အစောကတည်းက ကြိုတင်ကြံစည်ထားပြီးသားဖြစ်သည်။
     ကြေးမုံတစ်ချပ်အက်ကွဲသွားသလိုအသံနှင့်အတူ ချင်နန်နှင့် တခြားသူများသည် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now