1681 - 1685

324 28 0
                                    

အပိုင်း (၁၆၈၁)အစစ်အမှန်အစွမ်း

      “ကောင်းကင်ပြုပြင်ခြင်းအိုး...မင်း ငါ့ကို နှစ်ပေါင်းများစွာ ပိတ်လှောင်ထားတာကို ငါတစ်ခါမှ မခုခံခဲ့ဘူး…ဒါပေမဲ့ ငါပုရွက်ဆိတ်တစ်ကောင်လောက် သတ်ဖို့ ကြိုးစားတဲ့အချိန်မှာ မင်းငါ့ကို တားချင်တယ်ပေါ့"
    အလွန်ကြီးမားသော သားရဲကြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
     သူ၏ ကြေးခွံများ ဟလိုက်စိလိုက်ဖြစ်နေသည်။ သူသည် လေထဲတွင် တစ်ချက်လှည့်ပတ်ကာ သူ၏ လက်သည်းများဖြင့် ကောင်းကင်ပြုပြင်ခြင်းအိုးကို ကုတ်လိုက်သည်။

      ဝှစ်…

     ကောင်းကင်ပြုပြင်ခြင်းအိုး၏ ပုံစံများထဲမှ အနက်ရောင်မီးလျှံများ ဖုံးလွှမ်းနေသည့် သံကြိုးများထွက်ပေါ်လာပြီး သားရဲကြီး၏ လက်သည်းနှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လိုက်သည်။

       ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ပွားလာသည်။

     ကောင်းကင်တစ်ခွင်လုံး ရှားပါးဖြစ်ရပ်ဆန်းများနှင့် အဖျက်စွမ်းအင်များ ပြည့်နှက်နေသည်။
     ကြီးမားသော သားရဲကြီးသည် အတော်လေးအစွမ်းထက်သော်လည်း ကောင်းကင်ပြုပြင်ခြင်းအိုး၏ သံကြိုးများသည် ထူးဆန်းစွာပင် ၎င်းအပေါ်သက်ရောက်မှုရှိသည်။

     သားရဲကြီး အောက်စည်းသို့ ရောက်နေသည်။
 
     “ဟား…ဟား…ငါပြောတာ မမှန်ဘူးလား"
    ရှို့ရှန်လျန်သည် ၎င်းကိုကြည့်ရင်း ရယ်မောလိုက်သည်။ သူ၏ မျက်လုံးထဲ အထင်သေးမှုများ ပြည့်နှက်နေသည်။
     “ပြိုင်ဘက်ကင်းအုပ်စိုးသူရဲ့ စွမ်းအားနဲ့ သားရဲတစ်ကောင်က ကျုပ်ကို ဆန့်ကျင်ရဲတယ်ပေါ့…ကျုပ်ဒီမှာ ရပ်နေတယ်လေ…ခင်ဗျားကျုပ်ကို မသတ်နိုင်ဘူးလား"
 
      သားရဲကြီး လုံး၀ဒေါသထွက်သွားသည်။ သူသည် ရှို့ရှန်လျန်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသော်လည်း ‌ကောင်းကင်ပြုပြင်ခြင်းအိုး၏ ထိန်းချုပ်မှုအောက်၌ သူ၏ ဒေါသကို ချုပ်တည်းဖို့မှတစ်ပါး ရွေးချယ်စရာမရှိပေ။

      ချင်နန်၊ လင်ချင်ပိုနှင့် အခြားသူများ၏ မျက်နှာများ ရှုံ့မဲ့သွားသည်။
     ရှို့ရှန်လျန်သည် တကယ်ကို ခေါင်းမာ အော့ကြောလန်သူဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now