၁၄၀၆ - ၁၄၁၀

450 36 0
                                    


အပိုင်း (၁၄၀၆)ကြောက်မက်ဖွယ်ရာအဆင့်အတန်း

       “ဘာ.."
       ချင်နန်၊ အထင်ကရဓားဝိညာဉ်နှင့် အခြားသူများ ကြက်သေသေသွားသည်။
     
      ယခုနတ်ဘုရားဖယ်ရှားခြင်းလှံ ပိုင်ဆိုင်သည့် အစွမ်းနှင့်ပင် ကောင်းကင်တောင်ပိုင်းဂိတ်ကို ဖျက်ဆီးဖို့ အဆလေးရာ့ငါးဆယ်သန်မာဖို့ လိုသေးပါသည်လော....
     ကောင်းကင်တောင်ပိုင်းဂိတ်သည် မည်မျှ အစွမ်းထက်ပါသနည်း....

     “ဒါက ခန့်မှန်းချက်သက်သက်ပဲရှိသေးတယ်...တကယ်လို့ သေချာချင်တယ်ဆိုရင် အဆခုနှစ်ရာပိုသန်မာဖို့လိုတယ်"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် တည်ငြိမ်စွာဖြင့် ထပ်ပြောလိုက်သည်။

     “အဆခုနှစ်ရာ"
     တာအိုမူလတောင်သခင်သည် အရင်ဆုံးသတိပြန်၀င်လာသူဖြစ်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
     “ကောင်းကင်တောင်ပိုင်းဂိတ်က အစွမ်းထက်ပါတယ်...ဒါပေမဲ့ ဒီလောက်ကြီးကျတော့ မများလွန်းဘူးလား"

    တီကောင်လေးနှင့် သိုင်းကံကြမ္မာနန်းဆောင်လည်း ရှုပ်ထွေးနေသည်။
    သူတို့ ကောင်းကင်တောင်ပိုင်းဂိတ်၏ စွမ်းအားနှင့် အကျွမ်းတ၀င်ရှိသည်။

    “မှော်ဆံရှင်ဓားနတ်ဘုရားရဲ့ဓားချက်က သူ့အပေါ်မှာ အက်ကြောင်းလေးပဲ ဖြစ်စေခဲ့တယ်...ကောင်းကင်တောင်ပိုင်းဂိတ်ထုတ်ပြတဲ့ စွမ်းအားက အစွမ်းကုန်မဟုတ်ဘူးဆိုတာ ထင်ရှားတယ်...ငါ့ရဲ့ ခန့်မှန်းချက်အရဆို ကောင်းကင်တောင်ပိုင်းဂိတ်မှာ အနည်းဆုံး အင်မော်တယ်စွမ်းအင်ငါးမျိုးနဲ့ ကန်းလန်တိုက်တစ်ဝှမ်းက စုဆောင်းထားတဲ့ သိုင်းစွမ်းအင်နှစ်သိန်းရှိလိမ့်မယ်"
    “ပြီးတော့ ကောင်းကင်တောင်ပိုင်းနယ်မြေကလည်း ကောင်းကင်တောင်ပိုင်းဂိတ်နဲ့ ပေါင်းစည်းနိုင်တယ်...လိုအပ်လို့ရှိရင် ကောင်းကင်တောင်ပိုင်းဂိတ်က ကောင်းကင်တောင်ပိုင်းထွတ်မြတ်‌နယ်မြေရဲ့ စွမ်းအားကို သုံနိုင်တယ်...ဒါ့အပြင် ကောင်းကင်တောင်ပိုင်းဂိတ်က သိုင်းနတ်ဘုရားတွေအများကြီးကို လေ့ကျင့်ပေးထားတယ်...ပြောရမယ်ဆိုရင်..."

     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် အဆုံးတွင် ရပ်လိုက်ပြီးနောက် ရှင်းပြလိုက်သည်။
    “ပြီးတော့ ကောင်းကင်တောင်ပိုင်းဂိတ်ရဲ့ အဆင့်အတန်းရယ် ဒါတွေရယ်နဲ့ဆိုရင် ကောင်းကင်တောင်ပိုင်းဂိတ်ကို ဖျက်ဆီးဖို့အတွက် အနည်းဆုံး အဆသုံးရာသန်မာဖို့ လိုမယ်မလား"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now